Africa & Middle East
အာဖဂန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် IS ပြောရေးဆိုခွင့်ရှိသူ သေဆုံး

ဂျာလာလာဘတ်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နမ်ဂါဟာပြည်နယ် (Nangarhar) ၌ ပြုလုပ်ခဲ့သော စစ်သွေးကြွတိုက်ဖျက်ရေး လေကြောင်းစစ်ဆင်မှုတစ်ခုတွင် IS စစ်သွေးကြွအုပ်စု ၏ ပြောရေးဆိုခွင့်ရှိသူ Sultan Aziz Azam သေဆုံးခဲ့ကြောင်း အာဖဂန်စစ်တပ်က ဒီဇင်ဘာ ၂၇ ရက်တွင်ပြောကြားခဲ့သည်။
ထောက်လှမ်းရေးသတင်းရရှိချက်များအပေါ်အခြေခံ၍ Pachiragam ခရိုင် ရှိ IS တို့၏ ပုန်းအောင်းရာနေရာများကို ပစ်မှတ်ထား၍ ဒီဇင်ဘာ ၂၆ ရက်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ IS အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ Sultan Aziz Azam သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
Azam သည် IS စစ်သွေးကြွအုပ်စု ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရုံသာမက အစိုးရဝန်ထမ်းများ အထူးသဖြင့် အရာရှိကြီးများကို ပစ်မှတ်တိုက်ခိုက်မည့် စစ်သွေးကြွများ စုဆောင်းရာတွင် တာဝန်ခံအဖြစ်လည်း ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)