Connect with us

Africa & Middle East

မဟာအီဂျစ်ပြတိုက် (GEM) အများပြည်သူကြည့်ရှုရန် တရားဝင် ဖွင့်လှစ်

အီဂျစ်နိုင်ငံ Giza မြို့ရှိ မဟာအီဂျစ်ပြတိုက် (GEM) တွင် ရှေးခေတ်အီဂျစ်ဖာရိုဘုရင် Ramesses II ၏ ရုပ်တုကြီးကို အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

မဟာအီဂျစ်ပြတိုက် (GEM) ကို နိုဝင်ဘာ ၄ ရက်က အများပြည်သူကြည့်ရှုရန် တရားဝင်ဖွင့်လှစ်ခဲ့သည်။ GEM သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော အီဂျစ်ယဉ်ကျေးမှုတစ်မျိုးတည်းကိုသာ သီးသန့်ပြသထားသည့် ပြတိုက်ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်စွာ တည်ဆောက်ခဲ့ပြီးမှသာ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အီဂျစ်နိုင်ငံ Giza မြို့ရှိ မဟာအီဂျစ်ပြတိုက် (GEM) တွင် ရှေးခေတ်အီဂျစ် ဖာရိုဘုရင် Tutankhamun ပြခန်း၌ လှည့်လည်ကြည့်ရှုနေသော ခရီးသွားဧည့်သည်များအား အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါပြတိုက်သည် စတုရန်းမီတာ ၅၀၀,၀၀၀ ခန့် ကျယ်ဝန်းပြီး ပြတိုက်တွင် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ၁၀၀,၀၀၀ ကျော်ကို သိမ်းဆည်းထားကာ ရှေးခေတ်အီဂျစ် ဖာရိုဘုရင် Tutankhamun ဂူဗိမာန် ဈာပနပစ္စည်း ၅,၉၉၂ ခုကို ပထမဆုံးအကြိမ် အပြည့်အစုံ စုစည်းပြသထားသည်။ ထို့အပြင် ပြန်လည်ပြင်ဆင်ထားသော ဖာရိုဘုရင် Khufu ၏ နေမင်းလှေနှင့် ရှေးခေတ်အီဂျစ်ဖာရိုဘုရင် Ramesses II ၏ ရုပ်တုကြီး စသည့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကိုလည်း ပြသထားသည်။ (Xinhua)
………………………
(Chinese Version)
大埃及博物馆正式向公众开放
新华社照片,开罗,2025年11月4日
当日,大埃及博物馆正式向公众开放。大埃及博物馆是世界上最大的专门展示单一文明(埃及文明)的博物馆,历时20多年才建成开馆。该馆占地约50万平方米,馆藏文物超过10万件,首次完整集中展示古埃及法老图坦卡蒙的5992件随葬品,此外还展出修复后的胡夫太阳船、古埃及法老拉美西斯二世巨像等文物。
图说1:这是11月4日在埃及吉萨的大埃及博物馆拍摄的古埃及法老拉美西斯二世巨像。 新华社发(艾哈迈德·戈马摄)
图说2:11月4日,在埃及吉萨的大埃及博物馆,游客在法老图坦卡蒙展馆参观。新华社记者 隋先凯 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.