Connect with us

Africa & Middle East

ဂါဇာမြို့ကို လက်လွှဲယူမည့် အစီအစဉ်အား အစ္စရေးလူထုက အကြီးအကျယ် စုဝေးဆန္ဒပြ

အစ္စရေးရှိ တဲလ်အဗစ်မြို့တွင် အစ္စရေးလူထုက စုဝေးချီတက်ဆန္ဒပြနေကြသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

သောင်းနှင့်ချီသော အစ္စရေးလူထုက ဩဂုတ် ၉ ရက် ညပိုင်းတွင် တဲလ်အဗစ်မြို့ရှိ အစ္စရေးကာကွယ်ရေးတပ်ဌာနချုပ်အရှေ့၌ အကြီးအကျယ် စုဝေးချီတက်ခဲ့ကြပြီး ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဂါဇာမြို့ကို အစ္စရေးစစ်တပ် လက်လွှဲယူမည့်အစီအစဉ်အား ဆန့်ကျင်ဆန္ဒပြကာ ဂါဇာကမ်းမြောင်ဒေသစစ်ပွဲ လျင်မြန်စွာ အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။ဆန္ဒပြစုဝေးချီတက်ပွဲကို လူပေါင်း ၁၀၀,၀၀၀ ကျော် ပါဝင်ခဲ့ကြောင်း ဖမ်းဆီးထိန်းသိမ်းထားခံရသူများ၏မိသားစုဝင်အဖွဲ့ ကိုယ်စားလှယ်တစ်ဦးက ယင်းနေ့ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။

စုဝေးနေသည့် လူအုပ်ကြီးက “လူမျိုးသုဉ်းသတ်ဖြတ်မှုကို ဆန့်ကျင်ကြ”၊ “ကြောက်မက်ဖွယ်စစ်ပွဲကို အဆုံးသတ်”၊ “ငြိမ်းချမ်းရေးရချင်တယ်၊ စစ်ပွဲဆန့်ကျင်တယ်”၊ “ဂါဇာ ငတ်မွတ်ခေါင်းပါးမှု မူဝါဒကို ဆန့်ကျင်ကြ”၊ “ဂါဇာဘက်စုံသိမ်းပိုက်ရေးကို ဆန့်ကျင်ကြ”၊ “သူတို့ကို ချက်ချင်း အိမ်ပြန်ခိုင်းပါ” စသည့် စာတန်းများ ကိုင်ဆောင်ထားသည်ကို ဆင်ဟွာသတင်းထောက်က အချင်းနေရာ၌ တွေ့မြင်ခဲ့သည်။

ဆန္ဒပြလူထု၏လက်ထဲတွင် မီးတုတ်များ ကိုင်ဆောင်ထားပြီး အစ္စရေးစစ်တပ်ဌာနချုပ်တည်ရှိရာ လမ်းနှင့်ရပ်ကွက်တွင် လှည့်ပတ်ချီတက်ပြီး ကြွေးကြော်သံများဟစ်ကြွေးကာ ဂါဇာကမ်းမြောင်ဒေသ လျင်မြန်စွာ အပစ်ရပ်ရန်၊ ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် အပစ်ရပ်ရေး၊ လူလဲလှယ်ရေးသဘောတူညီချက်ရရှိရန်၊ ဖမ်းဆီးထိမ်းသိမ်းထားခံရသူအားလုံး လွတ်မြောက်ရန် တောင်းဆိုခဲ့ကြသည်။


အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့၏ ဆုံးဖြတ်ချက်မှာ လူထု၏ထောက်ခံမှုကို မရရှိကြောင်း၊ “လူအများစုက စစ်ပွဲကို အဆုံးသတ်ဖို့၊ လူအားလုံး အိမ်ကိုပြန်နိုင်ဖို့ မျှော်လင့်ကြတယ်” ဟု ဖမ်းဆီးထိန်းသိမ်းထားခံရသူ Matan Zangauker ၏ မိခင် Einav Zangauker က စုဝေးပွဲတွင် ပြောကြားခဲ့ကြောင်း The Times of Israel ၏ သတင်းများအရ သိရသည်။

ဂါဇာမြို့ကို လက်လွှဲယူမည့်အစီအစဉ်က အစ္စရေးကို “ထာဝရအဆုံးမဲ့သည့် စစ်ပွဲ”သို့ မုချတွန်းပို့လိမ့်မည်ဟု အစ္စရေး အရန်တပ်ဖွဲ့အရာရှိတစ်ဦး၏ မိခင်ပြောကြားချက်ကို ကိုးကား၍ The Jerusalem Post က ဖော်ပြထားသည်။ အစ္စရေးစစ်သည်များ ဂါဇာကမ်းမြောင်သို့ ဝင်ရောက်ပြီး အဆိုပါအစီအစဉ်ကို မဖော်ဆောင်ကြရန်၊ “သိသာထင်ရှားသည့် တရားမဝင်စစ်ပွဲတစ်ခုတွင် ပါဝင်ရန် ငြင်းဆိုကြရန်” ၎င်းက စုဝေးပွဲ တိုက်တွန်းပြောကြားခဲ့သည်။

အစ္စရေး လုံခြုံရေး ဝန်ကြီးအဖွဲ့က ဝန်ကြီးချုပ်နေတန်ယာဟု၏ “ဟားမက်စ် တိုက်ဖျက်ရေး” နှင့်စပ်လျဉ်းသည့် အစီအစဉ်ကို ခွင့်ပြုပြီးဖြစ်ကြောင်း၊ အစ္စရေးစစ်တပ်က ဂါဇာမြို့ကို လက်လွှဲယူရန် ပြင်ဆင်နေကြောင်း အစ္စရေးဝန်ကြီးရုံးက ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း အများအပြားက ကြေညာချက်များအသီးသီးထုတ်ပြန်ကာ အဆိုပါဆုံးဖြတ်ချက်အား ပြစ်တင်ရှုတ်ချခဲ့ပြီး “စစ်ပွဲအစီအစဉ်” ကို အစ္စရေးဘက်က ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့ကြသည်။ (Xinhua)

—————–

( Chinese Version)
以色列民众大规模集会抗议接管加沙城计划
新华社耶路撒冷8月9日电(记者陈君清 路一凡)数以万计以色列民众9日晚在位于特拉维夫的以国防军总部前举行大规模游行集会,抗议以军接管加沙地带北部加沙城计划,要求迅速结束在加沙地带的战争。
一个代表大多数被扣押人员家属的团体当晚发表声明说,超过10万人参加了游行集会。新华社记者在现场看到,集会人群打出“反对种族灭绝”“结束可怕的战争”“要和平,反战争”“反对加沙的饥饿政策”“反对全面占领加沙”“让他们立刻回家”等标语。抗议人群手持火炬,围绕以军总部所在街区游行,呼喊口号,要求迅速在加沙地带停火,与巴勒斯坦伊斯兰抵抗运动(哈马斯)达成停火换人协议,让所有被扣押人员获释。
据《以色列时报》报道,被扣押人员马坦的母亲埃纳芙·赞高克在集会上说,以色列安全内阁的决定得不到公众支持,“大多数人都希望结束战争,让所有人回家”。
《耶路撒冷邮报》援引一名以军预备役军官母亲的话报道,接管加沙城计划势必将以色列推向一场“永无休止的战争”。她在集会上呼吁以军士兵不要进入加沙地带执行该计划,“拒绝参与一场明显非法的战争”。
以色列总理办公室8日说,以安全内阁已批准总理内塔尼亚胡关于“击败哈马斯”的计划,以军准备接管加沙城。多个国家和国际组织纷纷发声谴责这一决定,敦促以方立即停止“战争计划”。(完)
1. 8月9日,以色列民众在特拉维夫参加游行集会。新华社发(贾马尔·阿瓦德摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.