Connect with us

Africa & Middle East

ဟော်မုဇ်ရေလက်ကြား မည်မျှအရေးကြီးသနည်း

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် မီးခိုးလိပ်များကို ၂၀၂၆ ခုနှစ် မတ် ၁ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သော နိုင်ငံများ၏ ကုန်းတွင်းနှင့် ကမ်းလွန် ရေနံစိမ်းသိုလှောင်မှုစွမ်းရည်ကို ၎င်းတို့၏ နေ့စဉ်ထုတ်လုပ်မှုစွမ်းရည်ဖြင့် ပိုင်းခြားသည့် သင်္ချာပုစ္ဆာတစ်ခုကို J.P. Morgan သုံးသပ်ပညာရှင်များ၏ မကြာသေးမီက နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတွင် ပြုလုပ်ခဲ့သည်။ အကယ်၍ ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်လိုက်ပါက ရေနံထုတ်လုပ်သော နိုင်ငံများသည် ၂၅ ရက်ဆက်တိုက် ထုတ်လုပ်မှုပြီးနောက် ရေနံ သယ်ယူပို့ဆောင်၍မရသောကြောင့် မဖြစ်မနေ ရပ်တန့်သွားမည်ဟု ဤပုစ္ဆာမှ အနှစ်ချုပ်အဖြေရရှိခဲ့သည်။

ပါရှားပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့ကို ဆက်သွယ်ပေးသော ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် အချက်အချာကျနေရာတစ်ခုဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးတို့ ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် စစ်ရေးတိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါရေလက်ကြား ဖြတ်သန်းသွားလာရေး အခြေအနေကို ဘက်အသီးသီးက အာရုံစိုက်ခဲ့ကြသည်။ အထူးသဖြင့် အီရန်ဘက်က ရေလက်ကြားကို “ပိတ်ဆို့” မည်ဟု ပြောကြားခြင်းက ဘက်ပေါင်းစုံ၏ ထိတ်လန့်မှုများစွာ ဖြစ်စေခဲ့သည်။ ဟော်မုဇ်ရေလက်ကြားသည် မည်မျှအရေးကြီးသနည်း။ ဤရေလက်ကြား၏ ရေကြောင်းသွားလာရေး ပိတ်ဆို့ခံရခြင်းသည် ကမ္ဘာ့စီးပွားရေးကို မည်သို့အကျိုးသက်ရောက်မည်နည်း။ အီရန်အနေဖြင့် ဤရေလက်ကြားကို “ပိတ်ဆို့” နိုင်မည်လော။

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် မီးခိုးလိပ်များကို ၂၀၂၆ ခုနှစ် မတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ပိတ်ဆို့တားဆီးခြင်း” သက်ရောက်မှု မည်မျှရှိမည်နည်း

အီရန်အပြင် အဓိက ရေနံထုတ်လုပ်သည့်နိုင်ငံများဖြစ်သော ဆော်ဒီအာရေဗျ၊ အီရတ်၊ ကာတာနှင့် ယူအေအီး တို့၏ ရေနံစိမ်းတင်ပို့မှုအားလုံးသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားရသည်။ ဤရေလက်ကြားမှ ဖြတ်သန်း၍ သယ်ယူပို့ဆောင်သော ရေနံစိမ်းသည် ကမ္ဘာလုံးဆိုင်ရာ ရေနံသယ်ယူပို့ဆောင်မှု စုစုပေါင်း၏ ငါးပုံတစ်ပုံခန့်ရှိသည်။ ကမ္ဘာ့ထိပ်တန်း သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့သည့် နိုင်ငံကြီးသုံးခုအနက် တစ်ခုဖြစ်သည့် ကာတာ၏ LNG အားလုံးနီးပါးကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပြင်ပတင်ပို့ခြင်းဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှု၏ ၂၀ ရာခိုင်နှုန်းခန့် ရှိသည်။

အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကို တိုက်ခိုက်ပြီးနောက် နိုင်ငံတကာရေနံဈေးများ အလွန်မြင့်တက်လာခဲ့သည်။ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဧပြီလ ပို့ဆောင်ရန် Light Sweet Crude Oil futures ဈေးနှုန်းသည် မတ် ၁ ရက်က အချိန်အတိုင်းအတာတစ်ခုအတွင်း ၁၂.၄ ရာခိုင်နှုန်း တက်လာပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၇၅.၃၃ အထိ ရောက်ရှိခဲ့သည်။ London’s ICE Futures Exchange ၏ မေလ ပေးပို့မည့် Brent Crude futures ဈေးနှုန်းသည် အချိန်အတိုင်းအတာတစ်ခုအတွင်း ၁၃ ရာခိုင်နှုန်းအထိ တက်သွားပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၈၂.၃၇ အထိ ရောက်ရှိခဲ့သည်။ သုံးသပ်သူပညာရှင်များက စစ်ပွဲ ဆက်လက် ဖြစ်ပွားပါက ရေနံဈေးနှုန်းသည် အမြင့်ဆုံး တစ်စည်လျှင် ကန်ဒေါ်လာ ၁၅၀ အထိ တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ရေနံဈေးတက်လာခြင်းနှင့်အတူ ပို့ဆောင်ခနှင့် အာမခံကြေးများလည်း မြင့်တက်လာသည်။

ဤဟော်မုဇ်ရေလက်ကြားတွင် လှုပ်ရှားလည်ပတ်နေသော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီလုပ်ငန်းကြီးများဖြစ်သော Mediterranean Shipping Company (MSC) ၊ Maersk ၊ CMA CGM နှင့် ဂျာမနီ Hapag-Lloyd AG တို့အားလုံးသည် မကြာသေးမီရက်က အစီအမံများ ချမှတ်ခဲ့ပြီး သင်္ဘောများ ဘေးကင်းသောနေရာများသို့ သွားရောက် ရှောင်တိမ်းရန်၊ အမှာစာအသစ်များကို ရပ်ဆိုင်းရန်၊ ရေလမ်းကြောင်းများနှင့် အချိန်ဇယားများကို ချိန်ညှိရန် ညွှန်ကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကုန်တင်သင်္ဘော၊ ရေနံတင်သင်္ဘောများစွာကို စူးအက်တူးမြောင်းကို ရှောင်ရှားရန် ဂွတ်ဟုပ်အငူသို့ လမ်းကြောင်းပြောင်း၍ ခရီးနှင်ခဲ့ကြသည်။

ဟော်မုဇ်ရေလက်ကြား အခြေအနေတင်းမာလာခြင်းသည် အာမခံကြေးများ အဆမတန် တစ်ဟုန်ထိုး မြင့်တက်လာခြင်းနှင့် ဂွတ်ဟုပ်အငူကို ဖြတ်၍ ရေနံတင်သင်္ဘောများ လမ်းကြောင်းပြောင်းသွားရခြင်းဖြင့်ပင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကို သိသိသာသာ မြင့်တက်စေလိမ့်မည်ဟု The Economist သတင်းစာက သုံးသပ်ထားသည်။

ယခင်က “ပိတ်ခဲ့” ဖူးပါသလော

သမိုင်းတွင် ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ၊ ရေရှည်ပိတ်ထားခြင်းမရှိခဲ့သော်လည်း ဤဒေသတွင်း မဟာဗျူဟာ အားပြိုင်မှုတိုင်းသည် နိုင်ငံတကာ ရေနံဈေးနှင့် ကမ္ဘာ့စီးပွားရေးအပေါ် တိုက်ရိုက်သက်ရောက်မှုများ ဖြစ်စေသည်။ ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၈ ခုနှစ် အီရန်-အီရတ် စစ်ပွဲကာလအတွင်း အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားမည်ဟု အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပြီး ၁၉၈၇ ခုနှစ်က ယင်းဧရိယာတစ်လျှောက်တွင် ရေမြှုပ်မိုင်းများထောင်ကာ ရေနံတင်သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။ ထိုစဉ်တွင် ရေနံတင်သင်္ဘောအမှုထမ်းအချို့က ထိုရေလက်ကြားကို “သေမင်းတမန်စင်္ကြံ” ဟု ခေါ်ဝေါ်ခဲ့ကြသည်။ အီရန်၏ခြိမ်းခြောက်မှုများကြောင့် ရေနံဈေးနှုန်းများသည် တစ်စည်လျှင် ကန်ဒေါ်လာ ၃၀ ကျော်မှ ၄၅ ဒေါ်လာကျော်အထိ မြင့်တက်လာခဲ့ဖူးသည်။
တစ်ချိန်တည်းမှာပင် ရေလက်ကြား၏ တင်းမာမှုအခြေအနေ မြင့်တက်လာမှုကြောင့် ရေနံတင်သင်္ဘောပို့ဆောင်ခများလည်း မြင့်တက်လာခဲ့ပြီး အမြင့်ဆုံးအချိန်တွင် ဆတိုး မြင့်တက်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အမေရိကန်အစိုးရသည် အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုများကို ပြန်လည်စတင်ခဲ့သည်။ ထိုစဉ်တွင် အီရန်ဘက်က ၎င်းအနေဖြင့် ဟော်မုဇ်ရေလက်ကြားမှ ရေနံစိမ်းတင်ပို့မှုများကို နှောင့်ယှက်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။ ထိုနှစ် ဇူလိုင်လတွင်ပင် အီရန်သည် ဗြိတိန်ရေနံတင်သင်္ဘောတစ်စင်းကို ဟော်မုဇ်ရေလက်ကြားတွင် ဖမ်းဆီးခဲ့သည်။ ထိုစဉ်က တင်းမာမှုအခြေအနေများသည် ရေနံဈေးနှုန်းကို အနည်းငယ်မြင့်တက်စေခဲ့သည်။
၂၀၂၅ ခုနှစ် ဇွန်လတွင် အမေရိကန်ဘက်က အီရန်၏ ဖော်ဒိုး၊ နာတန့်ဇ်၊ အက်စ်ဖာဟန် နျူကလီးယား အဆောက်အဦနေရာ ၃ ခုအပေါ် “အောင်မြင်သော တိုက်ခိုက်မှု” များ ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ယင်းနောက်မကြာမီတွင်ပင် အီရန်လွှတ်တော်သည် “ဟော်မုဇ်ရေလက်ကြားအား ပိတ်သင့်သည်” နှင့် စပ်လျဉ်း၍ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း အီရန်အရာရှိက ပြောကြားခဲ့သည်။

တကယ်ပင် “ပိတ်ဆို့” နိုင်မည်လော 

တစ်မူထူးခြားသော ပထဝီနေရာကို အမှီပြု၍ ဟော်မုဇ်ရေလက်ကြားသည် ဘက်အသီးသီး၏ မဟာဗျူဟာမြောက် တားဆီးမှုများ ပြုလုပ်ရာ အရေးကြီးနေရာအဖြစ် အစဉ်အမြဲ တည်ရှိခဲ့သည်။ အီရန်က ရေလက်ကြားကို “ပိတ်ဆို့မည်” ဟု အကြိမ်ကြိမ် ကာလရှည်ကြာ ခြိမ်းခြောက်ခဲ့သော်လည်း ဤရေနံစိမ်းပို့ဆောင်ရေး “အဓိကအသက်သွေးကြော” ကို တကယ်ပင် ပိတ်ဆို့နိုင်မည်လော။အီရန်အတွက်ဆိုလျှင် ရေလက်ကြားအား “ပိတ်ဆို့ခြင်း” သည် “ဆန္ဒရှိ၊မရှိ” ကိုသာမက “လုပ်နိုင်၊မလုပ်နိုင်” ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
ကာလရှည်ကြာစွာ အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခြင်းမှ အစဉ် ရှောင်ရှားခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ရေနံတင်ပို့မှုများသည်လည်း ဤလမ်းကြောင်းကို ဖြတ်သန်းသွားသောကြောင့် ရေလက်ကြားကို ပိတ်လိုက်ခြင်းသည် ၎င်း၏ အရေးပါသော ဘဏ္ဍာရေးဝင်ငွေ၏ အရင်းအမြစ်ကိုလည်း ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ပညာရှင်အချို့က ယူဆကြသည်။ ထို့အပြင် အီရန်က ဟော်မုဇ်ရေလက်ကြားကို ရေရှည် အလုံးစုံ ပိတ်ဆို့လိုပါက အရိုးရှင်းဆုံးနည်းလမ်းမှာ ဤဒေသတွင် ရေမြှုပ်မိုင်းများ စဉ်ဆက်မပြတ် ထားရှိခြင်းဖြစ်သော်လည်း ယင်းမှာ လုပ်ဆောင်ရန် အလွန်ခက်ခဲသည့်အပြင် တစ်ချိန်တည်းတွင်ပင် ပြင်ပ၏ စစ်ရေးအရ လက်တုံ့ပြန်မှုများနှင့်လည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း စစ်ရေးဆိုင်ရာ ပညာရှင်အချို့က လေ့လာသုံးသပ်ခဲ့သည်။

ထို့အပြင် အရေးပါသော စွမ်းအင်လမ်းကြောင်းအဖြစ် ဟော်မုဇ်ရေလက်ကြားကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်လျက်ရှိသည်။ ဤစွမ်းအင်လမ်းကြောင်းအမှီပြုသော နိုင်ငံအများအပြားနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ခြင်းမှ ရှောင်ရှားရန်လည်း အီရန်ဘက်က ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ဂျပန်သို့ ရေနံစိမ်း တင်သွင်းမှု၏ ၉၀ ရာခိုင်နှုန်းသည် အရှေ့အလယ်ပိုင်းဒေသကို အမှီပြုရသောကြောင့် အကယ်၍ ဟော်မုဇ်ရေလက်ကြားကို ရေရှည်ပိတ်ဆို့ထားပါက ဂျပန်နိုင်ငံစီးပွားရေးသည် “သေစေနိုင်သော ထိုးနှက်မှု” များ ခံရမည်ဖြစ်ပြီး ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (ဂျီဒီပီ) သည် ၃ ရာခိုင်နှုန်း ကျဆင်းနိုင်ခြေရှိကြောင်း ဂျပန် NHK သတင်းဌာနာက ထုတ်ပြန်ခဲ့သည်။

ဟော်မုဇ်ရေလက်ကြားကို ရေရှည်၊ အပြည့်အဝ ပိတ်ဆို့ထားမည် မဟုတ်နိုင်သော်လည်း လက်ရှိ တင်းမာမှု အခြေအနေမှာမူ စဉ်ဆက်မပြတ် ရှိနေနိုင်ခြေရှိပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုများပြားသော မသေချာမရေရာမှုများ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ဘက်ပေါင်းစုံက လေ့လာသုံးသပ်ထားသည်။ (Xinhua)
…………………………
(Chinese Version)
经济热点问答|霍尔木兹海峡有多重要
新华社北京3月2日电 经济热点问答|霍尔木兹海峡有多重要   新华社记者宿亮
摩根大通分析师近日在最新报告中做了一道数学题:把中东产油国陆上、海上原油储存能力除以每日产能。这道题的结论是,如果霍尔木兹海峡完全关闭,这些产油国在连续生产25天后就不得不停产,因为油运不出去。
连接波斯湾和阿曼湾的霍尔木兹海峡是全球战略要冲。美国和以色列2月28日对伊朗发动军事打击后,该海峡通行情况受到各方关注,特别是伊朗方面表示将“封锁”海峡引发多方恐慌。霍尔木兹海峡有多重要?通过该海峡的航道受阻将如何影响世界经济?伊朗能够“封锁”这道海峡吗?
“梗阻”影响几何
除伊朗外,主要产油国沙特阿拉伯、伊拉克、卡塔尔和阿联酋的原油出口都要经过霍尔木兹海峡。通过该海峡运输的原油约占全球石油运输总量的五分之一。作为全球液化天然气前三大出口国之一,卡塔尔液化天然气几乎全部通过霍尔木兹海峡外运,占全球供应份额约20%。
美以袭击伊朗后,国际油价大涨,纽约商品交易所4月交货的轻质原油期货价格1日一度上涨12.4%,至每桶75.33美元;5月交货的伦敦布伦特原油期货价格一度上涨13%,至每桶82.37美元。分析师预测,如果战事延续,原油价格可能最高冲至每桶150美元。
油价涨,运费和保费也都在涨。
活跃在这一海峡区域的全球物流巨头地中海航运、马士基航运、法国达飞海运、德国赫伯罗特公司等日前均采取措施,指示船只前往安全区域避险、暂停接新单、调整航线和时刻表,同时不少货轮、油轮改道好望角,避开苏伊士运河。
《经济学人》分析,霍尔木兹海峡局势紧张,仅因保险费用飙升、油轮绕行好望角,全球能源运输成本就会大幅抬升。
以前“关闭”过吗
历史上,霍尔木兹海峡从未被完全、长期关闭,但每次围绕这一地区的战略博弈都会对国际油价和世界经济产生直接影响。
1980年至1988年两伊战争期间,伊朗多次威胁封锁霍尔木兹海峡,并于1987年在这一区域布设水雷并袭击油轮。当时,有油轮船员将该海峡称为“死亡走廊”。伊朗的威胁引发油价从每桶30多美元上涨至每桶45美元以上。
与此同时,油轮运费也因海峡局势紧张上浮,最高时翻倍。
2018年,美国政府退出伊核协议,恢复对伊朗制裁。伊朗方面当时表示,有能力扰乱霍尔木兹海峡原油运输。当年7月,伊朗在霍尔木兹海峡扣留了一艘英国油轮。紧张局势当时推动原油价格小幅上涨。
2025年6月,美方宣称对伊朗福尔道、纳坦兹和伊斯法罕三处核设施发起“成功打击”。伊朗官员随后表示,伊议会已就“应该关闭霍尔木兹海峡”达成共识。消息传出后,伦敦布伦特原油价格一度跳涨6%。
真的能被“封锁”吗
凭借独特的地理位置,霍尔木兹海峡一直以来都是各方实施战略威慑的重要地点。尽管长期以来伊朗多次威胁要“封锁”海峡,但这条原油运输“大动脉”真的能被封锁吗?
对于伊朗来说,“封锁”海峡要考虑“愿不愿”,也要考虑“能不能”。
有分析师认为,伊朗长期以来一直避免封锁霍尔木兹海峡,是因为其自身的原油出口也经由这一通道,关闭海峡实际上也将切断其重要的财政收入来源。另外,有军事专家分析,伊朗要长期彻底封锁霍尔木兹海峡,最简单的办法是持续在这一地区布设水雷,但这难度很大,同时还将面临外部的军事报复。
此外,霍尔木兹海峡作为重要的能源通道,备受国际社会关注。伊朗方面也需要考虑避免与依赖这条能源通道的众多国家对立。
日本广播协会报道称,由于日本原油进口90%依赖中东地区,倘若霍尔木兹海峡被长期封锁,日本经济将受到“致命打击”,国内生产总值可能减少3%。
综合各方分析,霍尔木兹海峡或许不会长期完全封闭,但当前紧张局势或将持续,给全球能源运输和经济发展带来更多不确定性。(完)
图说1:这是3月1日晚在伊朗首都德黑兰市区拍摄的浓烟。新华社记者 沙达提 摄
图说2:这是3月1日在伊朗首都德黑兰拍摄的浓烟。新华社记者 沙达提 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.