Connect with us

Africa & Middle East

၂၀၂၆ ခုနှစ် အစ္စရေးရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နေရာအတွက် ထပ်မံယှဉ်ပြိုင်သွားမည်ဟု နေတန်ယာဟု ပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင်ပြုလုပ်ခဲ့သည့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၏ အထွေထွေအချေအတင်ဆွေးနွေးပွဲတွင် မိန့်ခွန်း ပြောကြားနေသော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် အစ္စရေးပါလီမန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နေရာအတွက် ထပ်မံယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန် ကြေညာလိုက်သည်။အစ္စရေးနိုင်ငံ၏ Channel 14 ရုပ်သံနှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် နေတန်ယာဟုက အဆိုပါ ထုတ်ပြန်ချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ်သက်တမ်းအတွက် ကြိုးစားဖို့ရည်ရွယ်ထားပါသ လားဟု မေးမြန်းခဲ့ခြင်းကို နေတန်ယာဟုက “ဟုတ်ကဲ့” ဟု တုံ့ပြန်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရန်မျှော်လင့်ထားပါသလားဟု မေးမြန်းခဲ့ခြင်းကိုလည်း နေတန်ယာဟုက “ဟုတ်ကဲ့။ မျှော်လင့်ထားပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
၂၀၂၂ ခုနှစ်က နောက်ဆုံးကျင်းပခဲ့သော အစ္စရေးရွေးကောက်ပွဲတွင် နေတန်ယာဟု၏ လက်ယာယိမ်း လီကွတ်ပါတီက အမတ်နေရာ ၃၂ နေရာအနိုင်ရရှိခဲ့ပြီး စုစုပေါင်း အမတ်ဦးရေ ၁၂၀ ရှိသော အစ္စရေး ပါလီမန်တွင် ၆၄ ဦး၏ထောက်ခံမှုရရှိခဲ့ကာ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းခွင့်ရရှိခဲ့သည်။ နေတန်ယာဟုမှာ ယင်းနှစ် ဒီဇင်ဘာလအတွင်း အစ္စရေးနိုင်ငံ၏ဝန်ကြီးချုပ်အဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ထိုအချိန် ကတည်းက လက်ယာစွန်း ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

နေတန်ယာဟုမှာ လာမည့်သီတင်းပတ်တွင် အသက် ၇၆ နှစ်ပြည့်တော့မည်ဖြစ်သည်။ နေတန်ယာဟုမှာ ၂၀၂၁ ခုနှစ် ဇွန်လတွင် ယဲလ်လာပစ်နှင့် နာ့ဖ်တာလီဘန်းနက်တို့ ဖွဲ့စည်းထူထောင်ခဲ့သော ဗဟိုဝါဒီ ညွန့်ပေါင်းအဖွဲ့၏ ဖြုတ်ချခြင်းမခံရမီ ၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိလည်းကောင်း၊ ထိုမှတဖန် ၂၀၀၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိလည်းကောင်း အစ္စရေးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (Xinhua)
———————————–
(English Version)
Netanyahu says to run for PM again in Israel’s 2026 elections
JERUSALEM, Oct. 18 (Xinhua)
Israeli Prime Minister Benjamin Netanyahu announced on Saturday that he will run for office again in the 2026 parliamentary elections.
He made the announcement during an interview with Israel’s Channel 14, where he was asked if he intends to seek another term. “Yes,” he replied.
When asked whether he expects to win, Netanyahu said, “Yes.”
In the last Israeli elections in 2022, Netanyahu’s right-wing Likud party won 32 seats and he was recommended by 64 members of the 120-seat Israeli parliament, or Knesset, to be qualified to form a government. Netanyahu was sworn in as the country’s prime minister in December of that year, and has been leading an extreme-right coalition ever since.

Netanyahu will turn 76 next week. He served as Israel’s prime minister from 1996 to 1999 and again from 2009 to 2021, before being ousted in June 2021 by a centrist coalition formed by Yair Lapid and Naftali Bennett.
Photo:
Israeli Prime Minister Benjamin Netanyahu delivers a speech during the General Debate of the 80th session of the United Nations General Assembly (UNGA) at the UN headquarters in New York, Sept. 26, 2025. (Xinhua/Wu Xiaoling)