Africa & Middle East
ကွန်ဂိုနိုင်ငံ (DRC) မိုင်းတွင်း၌ တံတားပြိုကျ၊ သေဆုံးသူ ၃၂ ဦးရှိ
ကင်ရှာဆာ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ ကြေးနီတွင်းတစ်ခု၌ တံတားပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလူ ၃၂ ဦး သေဆုံးခဲ့ကြောင်း ဒေသတာဝန်ရှိသူများက နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။တောင်ပိုင်း Lualaba ပြည်နယ်ရှိ Kalando မိုင်းတွင်းတွင် နိုဝင်ဘာ ၁၅ ရက်က အဆိုပါပြိုကျမှုဖြစ်ပွားပြီးနောက် ယခုအချိန်အထိ စုစုပေါင်း ရုပ်အလောင်း ၃၂ ခုကို ထုတ်ယူထားပြီးဖြစ်ကြောင်း ပြည်နယ်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး Roy Kaumba Mayonde က ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုအန္တရာယ်များ ရှိသောကြောင့် အဆိုပါနေရာသို့ ဝင်ရောက်ခွင့် တင်းကြပ်စွာ တားမြစ်ထားသော်လည်း တူးဖော်သူများက မိုင်းတွင်းထဲသို့ အတင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း Mayonde က ပြောကြားခဲ့သည်။ (Xinhua)
……….
(English Version)
32 killed in DR Congo mine after bridge collapse
KINSHASA, Nov. 17 (Xinhua) — At least 32 people were killed at a copper mine after a bridge collapsed in the Democratic Republic of the Congo, local authorities said Sunday.
A total of 32 bodies have been recovered so far after the collapse at the Kalando mine in southern Lualaba province on Saturday, said Roy Kaumba Mayonde, the provincial interior minister.
Despite the “strict prohibition on accessing the site due to heavy rainfall and the risk of landslides,” diggers forced their way into the quarry, Mayonde said.
