Connect with us

Africa & Middle East

ဟားမက်စ်အဖွဲ့က ဓားစာခံခြောက်ဦးကို ပြန်လွှတ်ပေး

ဂါဇာဒေသ အလယ်ပိုင်းရှိ အယ်လ်-နူဆီရတ် ဒုက္ခသည်စခန်း၌ အစ္စရေးဓားစာခံ သုံးဦးအား လွှဲပြောင်းပေးစဉ်အတွင်း ဟားမက်စ်အဖွဲ့၏ လက်နက်ကိုင်တပ်ဖြစ်သော အယ်လ်-ကက်ဆမ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်အတူ အစ္စရေးဓားစာခံတစ်ဦးအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်/ဂါဇာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဓားစာခံနှင့် အကျဉ်းသား အပြန်အလှန်လဲလှယ်မှု တစ်စိတ်တစ်ဒေသအဖြစ် ဟားမက်စ်အဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော အစ္စရေးဓားစာခံ ခြောက်ဦးမှာ ဖေဖော်ဝါရီ ၂၂ ရက်၌ ပြန်လွတ်မြောက်လာခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ် (IDF) က ကြေညာချက် ထုတ်ပြန်၍ အတည်ပြုခဲ့သည်။ဓားစာခံငါးဦးအနက် နှစ်ဦးအား ဟားမက်စ်အဖွဲ့၏ လက်နက်ကိုင်တပ်ဖြစ်သော အယ်လ်-ကက်ဆမ်တပ်ဖွဲ့၏ မော်တော်ယာဉ်တစ်စီးဖြင့် ခေါ်ဆောင်လာခဲ့ကာ ဂါဇာဒေသ တောင်ပိုင်း ရာဖာမြို့၌ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) ၏ မော်တော်ယာဉ်များဆီသို့ ဖေဖော်ဝါရီ ၂၂ ရက် အစောပိုင်းတွင် လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ၎င်းတို့အား အစ္စရေးကာကွယ်ရေးတပ်နှင့် အစ္စရေး လုံခြုံရေးဌာနတို့ထံ ပို့ဆောင်ပေးခဲ့ကြောင်း အစ္စရေးနှင့် ပါလက်စတိုင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

ထိုနေ့ နှောင်းပိုင်းတွင် ဟားမက်စ်အဖွဲ့က နောက်ထပ် အစ္စရေးဓားစာခံ သုံးဦးအား ဂါဇာဒေသ အလယ်ပိုင်းရှိ အယ်လ်-နူဆီရတ် ဒုက္ခသည်စခန်းတွင် ICRC ထံမှတစ်ဆင့် အစ္စရေးအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်များက ဆိုသည်။

ဓားစာခံသုံးဦးမှာ ကျန်းကျန်းမာမာရှိနေပုံရကာ စစ်ယူနီဖောင်း ဝတ်ဆင်ထားပြီး ၎င်းတို့အား ပြန်လွှတ်ပေးလိုက်သည့် အထောက်အထား စာရွက်စာတမ်းများကို ကိုင်ဆောင်ထားကြောင်း ဓားစာခံလွှဲပြောင်းပေးသည့် အခမ်းအနား၌ မျက်မြင်တွေ့ရှိသူများ၏ အဆိုအရ သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1m4
#Israel #Hamas #Hostages #Release #အစ္စရေး #ဟားမက်စ် #ဓားစာခံများ #ပြန်လွတ်မြောက်ခြင်း
……………………………………………………………………………………
(English Version)
6 hostages released by Hamas in latest swap
JERUSALEM/GAZA, Feb. 22 (Xinhua) — Six Israeli hostages previously held by Hamas were released on Saturday as part of an ongoing ceasefire exchange, the Israel Defense Forces (IDF) confirmed in a statement.
Two of the five hostages were transferred earlier on Saturday from a vehicle of al-Qassam Brigades, Hamas’s armed wing, to vehicles of the International Committee of Red Cross (ICRC) in Rafah, southern Gaza, which later carried them to the IDF and the Israel Security Agency, according to Israeli and Palestinian sources.
Later in the day, three other Israeli hostages were handed over by Hamas to the Israeli authorities via the ICRC in the al-Nuseirat refugee camp, in central Gaza, according to Palestinian sources.
According to eyewitnesses at the handover ceremony, the three hostages appeared to be in good health, wearing military uniforms and carrying their release certificates. xhtxs.cn/1m4
English Caption
Members of the Al-Qassam Brigades, the armed wing of Hamas, and an Israeli hostage are seen during the handover of three Israeli hostages to the International Committee of the Red Cross, in the al-Nuseirat refugee camp, in central Gaza, on Feb. 22, 2025. (Photo by Rizek Abdeljawad/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.