Africa & Middle East
ဒိုဟာကိုတိုက်ခိုက်ခဲ့သည့် အစ္စရေးအား ပေါ်တူဂီပြစ်တင်ရှုတ်ချပြီး တင်းမာမှုလျှော့ချရန် တိုက်တွန်း

လစ္စဘွန်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ကာတာနိုင်ငံ မြို့တော်ဒိုဟာအား အစ္စရေး၏ တိုက်ခိုက်ခဲ့မှုအပေါ် ပေါ်တူဂီနိုင်ငံက ပြစ်တင်ရှုတ်ချ လိုက်ပြီး နိုင်ငံအချုပ်အခြာအာဏာကို ချိုးဖောက်တိုက်ခိုက်ခြင်းဖြစ်ကာ ဒေသတွင်း အကြမ်းဖက် တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည့်အန္တရာယ်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။စက်တင်ဘာ ၉ ရက်ညက လူမှုကွန်ရက် X ၌ ပေါ်တူဂီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ကာ ဒိုဟာကို အစ္စရေးတိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း၊ ကာတာနိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်လုပ်ဆောင်ခြင်းဖြစ်ကာ အကြမ်းဖက်မှုများ ပိုမိုမြင့်တက်လာနိုင်သည့် အန္တရာယ်ရှိကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ချက်ချင်း အပစ်အခတ်ရပ်စဲပြီး ဓားစာခံတွေကို လွှတ်ပေးဖို့ အရေးကြီးကြောင်း အလေးအနက်ထား တိုက်တွန်းပါတယ်။ နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်းက ထာ၀ရ ငြိမ်းချမ်းရေးရဖို့ အရေးကြီးနေဆဲဖြစ်ပါတယ်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
စက်တင်ဘာ ၉ ရက်က ဒိုဟာမြို့ကို တိုက်ခိုက်ခဲ့သည့် အစ္စရေးအား ပြင်သစ်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ စပိန်နိုင်ငံအပါအ၀င် ဥရောပနိုင်ငံများစွာက ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ကာတာနှင့် ဟားမက်စ်သတင်းရင်းမြစ်များအရ အဆိုပါတိုက်ခိုက်ခံရမှုတွင် ဟားမက်စ်အဖွဲ့ဝင် ၅ ဦးနှင့် ကာတာရဲအရာရှိတစ်ဦးတို့အပါအဝင် လူ ၆ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် အကြီးတန်း စေ့စပ်ညှိနှိုင်းရေးမှူး ခါလီအယ်လ်ဟေယာ၏ သား၊ ၎င်း၏ဝန်ထမ်းအဖွဲ့ခေါင်းဆောင်၊ သက်တော်စောင့် ၃ ဦးပါဝင်ခဲ့ကြောင်း သိရသည်။ ကာတာအစိုးရအဖွဲ့ကလည်း ရဲအရာရှိတစ်ဦးသေဆုံးခဲ့ကြောင်းနှင့် တိုက်ခိုက်ခံရမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် အများအပြားဒဏ်ရာရခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။ပါလက်စတိုင်းအုပ်စုဘက်ကလည်း အစ္စရေးနှင့် ဂါဇာပဋိပက္ခအတွက် အပစ်အခတ်ရပ်စဲရန် ဆွေးနွေးမှု ပါဝင်နေသော ဟားမက်စ်တာဝန်ရှိသူများအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ အဆိုပါစစ်ဆင်ရေးမှာ စက်တင်ဘာ ၈ ရက်က ပါလက်စတိုင်း ၂ ဦး၏ ဂျေရုဆလမ်မြို့တွင်း ဘတ်စ်ကားမှတ်တိုင်၌ လူ ၆ ဦးအား ပစ်ခတ်သတ်ဖြတ်မှုအတွက် လက်စားချေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျေရုဆလမ်တွင် ပစ်ခတ်မှုသည် ဟားမက်စ်လက်နက်ကိုင်တပ်ဖွဲ့ အယ်လ်ကက်ဆမ်တပ်မဟာတွင် တာဝန်ရှိကြောင်း အစ္စရေးက စက်တင်ဘာ ၉ ရက်က အခိုင်အမာ စွပ်စွဲခဲ့ကြောင်း သိရသည်။ ( Xinhua)
—————————-
(English Version)
Portugal condemns Israeli strike on Doha, urges de-escalation
LISBON, Sept.10 (Xinhua) — Portugal has condemned Israel’s strike in the Qatari capital of Doha, saying it violated the country’s sovereignty and risked further escalation of violence in the region.
In a statement posted on the social media platform X Tuesday night, the Ministry of Foreign Affairs said it condemns the Israeli strike in Doha, which violated Qatar’s sovereignty and risked further violence escalation. “We stress that an immediate ceasefire and release of hostages are urgent. A two-state solution remains crucial for lasting peace,” it added.
Several European nations, including France, the United Kingdom, Germany and Spain, also condemned Tuesday’s Israeli strike in Doha. According to Qatari and Hamas sources, the attack killed at least six people, including five Hamas members and one Qatari police officer.
Hamas said the victims included the son of senior negotiator Khalil al-Hayya, his chief of staff, and three bodyguards. The Qatari government confirmed the death of a police officer and reported several injuries among its security forces.
The Palestinian group also said the airstrike targeted Hamas officials who were taking part in ceasefire negotiations with Israel over the Gaza conflict.
Israeli Prime Minister Benjamin Netanyahu said the operation was carried out in retaliation for a shooting in Jerusalem on Monday, when two Palestinians from the occupied West Bank opened fire at a bus stop, killing six people. Hamas’ armed wing, the al-Qassam Brigades, claimed responsibility for that attack on Tuesday. ■
photo
Security personnel are seen near the site of an Israeli airstrike in Doha, Qatar, Sept. 9, 2025. (Photo by Nikku/Xinhua)