Africa & Middle East
အီဂျစ်ရဲတပ်ဖွဲ့က North Sinaiပြည်နယ်တွင် အကြမ်းဖက်သမား ၁၀ ဦးအား ပစ်ခတ် ရှင်းလင်း
ကိုင်ရို ၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ)
အီဂျစ်ရဲတပ်ဖွဲ့က အကြမ်းဖက်သမား ၁၀ ဦးအား အီဂျစ်နိုင်ငံ North Sinaiပြည်နယ် Arishမြို့တွင် အောက်တိုဘာ ၉ ရက်နေ့က ပစ်ခတ် ရှင်းလင်း ခဲ့ကြောင်း သိသည်။
အီဂျစ်ရဲတပ်ဖွဲ့က သတင်းရရှိပြီးနောက် Arishမြို့ရှိ အကြမ်းဖက်သမားများ ပုန်းရှိုရာ နေရာ တစ်ခု အား လျှပ်တစ်ပြက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် အကြမ်းဖက်သမား ၁၀ ဦးအား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပြီး စက်သေနတ် ၃ လက် ၊ရိုင်ဖယ် ၂ လက်နှင့် ကျည်ဆံအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုသို့ဝင်ရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ဆောင်မှုများ လုပ်ရန် စီစဉ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း MENA သတင်းအေဂျင်စီက ဆိုသည်။
ယခုနှစ်များတွင် အီဂျစ်နိုင်ငံက အကြမ်းဖက်တိုက်ဖျက်ဆန့်ကျင်ရေးများကို အပြင်းအထန် လုပ်ဆောင်လျက် ရှိသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် အီဂျစ်စစ်တပ်က Sinaiကျွန်းဆွယ်ဒေသရှိ အကြမ်းဖက်အင်အားစုများကို ရှင်းလင်းနိုင်ရန် “Sinai 2018″ အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်မှု ဘက်စုံ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ရာ ယနေ့အထိဆိုရလျှင် ရာနှင့်ချီသော အကြမ်းဖက်သမားကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)