Connect with us

Asia

ပါကစ္စတန် ဘုရားကျောင်း အသေခံ ဗုံးပေါက်ကွဲမှု လူ၄၀ဦးသေဆုံး၊ ၁၀၀ ဒဏ်ရာရရှိ

ပါကစ္စတန် ဘုရားကျောင်း အသေခံ ဗုံးပေါက်ကွဲမှု ကြောင့် ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်နေစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ခရိုင် ရှိ ဘုရားကျောင်းတစ်ခုတွင် နိုဝင်ဘာ ၁၂ရက်ညက အသေခံဗုံးပေါက်ကွဲခဲ့၍ လူ၄၀ဦးထက်မနည်းသေဆုံးကာ ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများ နှင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ပြည်တွင်း ရုပ်သံလိုင်း Abb Takk က ဖော်ပြချက်အရ ပေါက်ကွဲမှုကြောင့် အမျိုးသမီးများ နှင့် ကလေးငယ်များအပါအဝင် လူ၄၀ဦးသေဆုံးခဲ့ပြီး အသေခံဗုံးခွဲမှုသည် Kalat ဒေသ Hub မြို့၏ တောင်ထိပ်ပေါ်တွင်တည်ရှိသည့် Shah Noorani ဘုရားကျောင်း ၌ ဘာသာရေး အက ကနေသည့် ကိုးကွယ်သူများအား ပစ်မှတ်ထားဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် တာဝန်ရှိသူများက သေဆုံးသူအရေအတွက် အား ၃၀ဦးဟုသာ ဖော်ပြခဲ့ကြောင်း သိရသည်။Kalat ဒေသ ဆိုင်ရာ မဟာမင်းကြီး Hashim Galzai က အသေခံဗုံးခွဲသူသည် ဘာသာရေးကိုးကွယ်သူများ ကနေသည့် နေရာ၌ မိမိကိုယ်ကို ဖောက်ခွဲခဲ့ကြောင်း ပြောကြားခဲ့သည်။၎င်းက ပေါက်ကွဲမှုဖြစ်ပွားချိန်၌ အဆိုပါဘုရားကျောင်းအတွင်း၌ နိုင်ငံရှိဒေသအသီးသီးမှ လာရောက်ကြသည့် လူပေါင်း ၅၀၀ကျော်ခဲ့ရှိနေကြောင်း သိရသည်။ပါကစ္စတန်စစ်တပ်၊ အစိုးရ နှင့် NGO အဖွဲ့အစည်းများက ကယ်ဆယ်ရေးလုပ်ငန်းများအား လုပ်ဆောင်လျက် ရှိပြီး ဘုရားကျောင်းတည်ရှိရာနေရာ ဝန်းကျင်တွင် ဆေးရုံများမရှိသောကြောင့် ဆရာဝန်များ နှင့် သူနာပြုများအား သယ်ဆောင်လာသည့် လူနာတင်ယာဉ် ၈၇စီးအား ဗုံးပေါက်ကွဲခဲ့သည့် နေရာသို့ စေလွှတ်ပေးခဲ့ကြောင်း သိရသည်။အဆိုပါတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ပါကစ္စတန် ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ် က ပေါက်ကွဲမှုအား ပြစ်တင်ရှုံ့ချခဲ့ပြီး စစ်သွေးကြွများအား နိုင်ငံအတွင်းမှ တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)