Connect with us

Asia

ဗီယက်နမ်၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦး ထပ်မံတွေ့ရှိ

ဗီယက်နမ်၌ ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရသော ကလေးငယ်တစ်ဦးအား ဆေးကုသမှုပေးနေစဉ်(ဆင်ဟွာ)

ဟိုချီမင်း၊နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Ba Ria Vung Tau ပြည်နယ် မှ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးထံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လက္ခဏာတွေ့ရှိကြောင်း နှင့် ၎င်းပြည်နယ်၌ ပထမဆုံး ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက နိုဝင်ဘာလ ၁၄ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံထားရသော အမျိုးသားသည် ၎င်း၏ ချစ်သူအမျိုးသမီးရှိရာ ဟိုချီမင်းမြို့တော်၊Tan Binh ခရိုင်သို့လွန်ခဲ့သော ၂ ပတ်ခန့်က သွားရောက်လည်ပတ်ခဲ့ကြောင်း နှင့် Ba Ria Vung Tau ပြည်နယ်သို့ပြန်လည်ရောက်ရှိလာစဉ် ဇီကာကူးစက်ခံထားရသော လက္ခဏာရပ်များကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ၎င်းသည် ယခုအခါ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ပြည်နယ်ကျန်းမာရေးအေဂျင်စီက ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူနေထိုင်ခဲ့သည့် အိမ်ပတ်ဝန်းကျင်၏ ၂၅ဝ မီတာအတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းဆောင်တာများလုပ်ဆောင်လျက်ရှိသည်။

ဗီယက်နမ်နိုင်ငံသည် ဟိုချီမင်းမြို့မှ ၃၅ ဦး ၊ Dak Lak ပြည်နယ် မှ ၂ ဦး ၊ Binh Duong ပြည်နယ်မှ ၂ ဦး နှင့် Khanh Hoa ပြည်နယ် ၊ Long An ပြည်နယ် နှင့် Ba Ria Vung Tau ပြည်နယ်များမှ ၁ ဦးစီ စုစုပေါင်း ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၃ ဦးရှိကြောင်း တရားဝင်ထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.