Asia
မလေးရှားရဲတပ်ဖွဲ့မှ ပြန်ပေးသမား ဟု သံသယရှိသူနှစ်ဦးကိုအသေပစ်သတ်
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)
နိုင်ငံခြားသား များကို ပစ်မှတ်ထားသည့် ပြန်ပေးဂိုဏ်းတစ်ခုမှ အဖွဲ့ဝင်များဟု ယုံကြည်ရသူ ် မလေးရှားရဲတပ်ဖွဲ့ က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အသေပစ်သတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပြန်ပေးဆွဲမှုတစ်ခုတွင် ပါဝင်ပတ်သတ်နေကြောင်း လျှို့ဝှက်သတင်းတစ်ခုအရ ကွာလာလံပူမြို့ ရှိ နေအိမ်တစ်အိမ်လုံးကို ဖေဖော်ဝါရီလ ၁၂ ရက် နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ Bernama တွင် ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့အနေဖြင့် ပြန်ပေးဆွဲခြင်းခံရသူတစ်ဦးကို ကယ်တင်ခဲ့ရကြောင်း ၊ ၎င်းသည် အသက် ၃၀ ကျော်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးဖြစ်ကြောင်း၊ ပြီးခဲ့သည့်သောကြာနေ့ (ဖေဖော်ဝါရီလ ၈ ရက်) တွင် ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်ကြောင်း မလေးရှားရဲအရာရှိ Ahmad Dzaffir Mohd Yusoff ကပြောကြားခဲ့သည်။
၎င်းသံသယရှိသူတို့သည် နိုင်ငံခြားသား များအား ပြန်ပေးဆွဲသည့်ဂိုဏ်း မှ အဖွဲ့ဝင်များဖြစ်သည်ဟု ယူဆရကြောင်း၊ ၎င်းပြန်ပေးဂိုဏ်းသားများသည် ကွာလာလမ်ပူ နှင့် ဆီလန်ဂေါပြည်နယ်တွင် လှုပ်ရှားကြကြောင်း သိရသည်။
ရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပစ်စတိုသေနတ်တစ်လက် နှင့် တောခုတ်ဓားတစ်ချောင်း ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ (Xinhua)