Connect with us

Asia

မလေးရှားရွေးကောက်ပွဲတွင် အတိုက်အခံပါတီ နေရာအများစု အနိုင်အရ


ကွာလာလမ်ပူ ၊ မေ ၁ဝ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၂၂ နေရာရှိသည့်အနက် ယခင်ဝန်ကြီးချုပ်မဟာသီယာမိုဟာမက် ဦးဆောင်သော အတိုက်အခံမဟာမိတ်ပါတီ(Pakatan Harapan) က ၁၁၃ နေရာ အနိုင်ရသဖြင့် လွှတ်တော်အမတ်နေရာအများစု အနိုင်ရကြောင်း နှင့် ပြည်ထောင်စုအစိုးရဖွဲ့ရန် လုံလောက်ကြောင်း မလေးရှားရွေးကောက်ပွဲကော်မရှင်က ယနေ့(မေလ ၁ဝ ရက်)နံနက်ပိုင်းတွင် ကြေညာခဲ့သည်။

တစ်ချိန်တည်းမှာပင် မလေးရှားနိုင်ငံတွင် ဆယ်စုနှစ် ၆ ခု ကျော်ကြာ အုပ်ချုပ်ခွင့်ရခဲ့သော Barisan Nasional (BN) လူမျိုးပေါင်းစုံညွှန့်ပေါင်းပါတီသည် ယခင်ရွေးကောက်ပွဲက ရခဲ့သော အမတ် နေရာ ၁၃၃ ခုမှ လျော့ကျ၍ ၇၉ နေရာသာ အနိုင်ရခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ အတိုက်အခံခေါင်းဆောင် မဟာသီယာမိုဟာမက်အားတွေ့ရစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ အတိုက်အခံခေါင်းဆောင် မဟာသီယာမိုဟာမက်အားတွေ့ရစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ အတိုက်အခံခေါင်းဆောင် မဟာသီယာမိုဟာမက်အားတွေ့ရစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ အတိုက်အခံခေါင်းဆောင် မဟာသီယာမိုဟာမက်အားတွေ့ရစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ အတိုက်အခံခေါင်းဆောင် မဟာသီယာမိုဟာမက်အားတွေ့ရစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ အတိုက်အခံခေါင်းဆောင် မဟာသီယာမိုဟာမက်အားတွေ့ရစဉ်(ဆင်ဟွာ)

ရွေးကောက်ပွဲရလဒ်အရ မလေးရှားနိုင်ငံဝန်ကြီးချုပ်အဖြစ် ၁၉၈၁ ခုနှစ် မှ ၂ဝဝ၃ ခုနှစ်အထိ တာဝန်ယူခဲ့သော ဝါရင့်နိုင်ငံရေးသမားကြီး မဟာသီယာအတွက် တစ်ကြော့ပြန် အာဏာရလိမ့်မည်ဖြစ်သည်။

ထိုင်းနိုင်ငံနယ်စပ်အနီးရှိ မလေးရှားရွာလေးတစ်ရွာ၌ မွေးဖွားခဲ့သော မဟာသီယာသည် မလေးရှားနိုင်ငံအား အာရှတိုက်၏ စီးပွားရေး လျင်မြန်စွာဖွံ့ဖြိုးနေသော နိုင်ငံတစ်နိုင်ငံဖြစ်အောင် ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သည်။

မေလ ၁ဝ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အသက် ၉၂ နှစ်အရွယ်ရှိ မဟာသီယာက ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါက ၎င်းသည် ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်လာလိမ့်မည်ဖြစ်သည်။ သို့သော် မဟာသီယာက ဝန်ကြီးချုပ်ရာထူးကို ယခင်က ၎င်းလက်အောက်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသည့် အန်ဝါအီဗာရာဟင်အား လွှဲပြောင်းပေးအပ်ဖွယ်ရှိကြောင်း နှင့် လက်ရှိတွင် အန်ဝါသည် လိင်တူဆက်ဆံမှုဖြင့် အကျဉ်းချခံနေရပြီး ၎င်းနေဖြင့် လာမည့် ဇွန်လတွင် လွတ်မြောက်ရန် ရှိကြောင်း သိရသည်။

အတိုက်အခံပါတီအနိုင်ရခဲ့ခြင်းက နာဂျစ်ရာဇက်၏ ခေတ်ကို အဆုံးသတ်စေခဲ့သည်။နာဂျစ်သည် နိုင်ငံဖွံ့ဖြိုးရေးရံပုံငွေမှ စာရင်းဖျောက်မှုတစ်ခုတွင် ပါဝင်ကြောင်း စွပ်စွဲခံထားရပြီး ၎င်းကမူ အဆိုပါစွပ်စွဲချက်အား ငြင်းဆိုထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.