Asia
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန်၌ အင်အားပြင်းငလျင်လှုပ်ခတ် ၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ
ဂျကာတာ ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၌ ယနေ့( ဇန်နဝါရီ ၇ ရက်) နံနက်အစောပိုင်းတွင် အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်သွားသော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း အင်ဒိုနီးရှားနိုင်ငံမိုးလေဝသ နှင့် ဘူမိရူပဗေဒအေဂျင်စီက ဆိုသည်။
၎င်းငလျင်သည် ဇန်နဝါရီ ၇ ရက် အင်ဒိုနီးရှားစံတော်ချိန် နံနက် ၁၂ နာရီ ၂၇ မိနစ်တွင် မာလုကု(Maluku) ပြည်နယ်မြောက်ပိုင်းရှိ ဟလ်မာဟီရာ(Halmahera) ၏ အရှေ့မြောက်ဘက် ၁၄၆ ကီလိုမီတာ နှင့် ပင်လယ်ရေအောက် အနက် ၁ဝ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အေဂျင်စီမှ အရာရှိတစ်ဦးဖြစ်သူ Yusuf Khaidar က ဆိုသည်။
“ သို့သော်လည်း ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိပါဘူး” ဟု ၎င်းက ဆင်ဟွာသို့ဖုန်းဖြင့်ဖြေကြားခဲ့သည်။
ထို့ပြင် အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနက ဂရင်းနစ်စံတော်ချိန် 17:27:20 နာရီတွင် အင်ဒိုနီးရှားနိုင်ငံ Tobelo ၏ အနောက် ၊ အနောက်မြောက် ၁၅၁ ကီလိုမီတာ အကွာ၌ ဗဟိုပြု၍ ပြင်းအား ၆.၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ဆိုသည်။
၎င်းငလျင်သည် မြောက်လတ္တီကျူ့၂.၂၂၈၇ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၁၂၆.၇၄၃၂ ဒီဂရီအတွင်း မြေအောက်အနက် ၆ဝ.၅၅ ကီလိုမီတာ၌ ဗဟိုပြုလှုပ်ခတ်သွားခဲ့ကြောင်းလည်း ဘူမိတိုင်းတာရေးဌာနက ဆိုသည်။ (Xinhua)