Connect with us

Asia

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် မြေပြိုမှုကြောင့် လူ ၆ဦးပျောက်ဆုံးနေ

ဂျပန်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် မြေပြိုမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အိုအီတာစီရင်စု၌ ဧပြီ ၁၁ ရက်တွင် မြေပြိုမှုတစ်ခုကြောင့် နေအိမ်၃လုံး မြေကြီးများအောက်သို့ ရောက်ရှိသွားပြီးနောက် လူ ၆ဦးပျောက်ဆုံးနေကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားခဲ့သည်။

နာကာစွတ်မြို့ ရဲတပ်ဖွဲ့ နှင့် အစိုးရ တာဝန်ရှိသူများ၏ပြောကြားချက်အရ ရာဘာခဲအီမြို့ ရှိ နေအိမ် ၃လုံးသည် ဒေသစံတော်ချိန် နံနက် ၃း၅၀နာရီတွင် တောင်တန်းဆင်ခြေလျှော မြေပြိုမှုကြောင့် မြေကြီးများ ဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။

ဒေသခံ ကယ်ဆယ်ရေးတာဝန်ရှိသူများက အခင်းဖြစ်ပွားရာမှ မြေကြီးများအားဖယ်ရှားရန် စက်ယန္တရားကြီးများကို ဖြန့်ကျက်စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည်လည်း ရှာဖွေရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင် ကူညီလျက်ရှိကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.