Connect with us

Asia

ထိပ်သီးအစည်းအဝေး ကျင်းပရန် တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ ရည်ရွယ်ချက်အပေါ် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်နှင့် တောင်ကိုရီးယား သံတမန်အကြား ကျေနပ်လောက်သော သဘောတူညီမှုရရှိ

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (ဝဲ) နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်၏ အထူးသံတမန် Chung Eui-yong တို့ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပြုံယန်း၊ မတ် ၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်သည် တောင်ကိုရီးယားနိုင်ငံ သံတမန်နှင့် တွေ့ဆုံရာတွင် ထိပ်သီးအစည်းအဝေး တစ်ရပ် ကျင်းပရန် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကျေနပ်လောက်သော သဘောတူညီမှု ရရှိခဲ့ကြောင်း Korean Central News Agency က မတ်လ ၆ ရက်က သတင်းဖော်ပြလိုက်သည်။

“တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်ဘက်က အထူးသံတမန်ကတစ်ဆင့် ထိပ်သီးအစည်းအဝေး ကျင်းပလိုတဲ့ ရည်ရွယ်ချက်ကို ကြားသိရပြီး သူ (ကင်) ကလဲ အမြင်ဖလှယ်ခဲ့သလို ကျေနပ်လောက်တဲ့ သဘောတူညီမှု ရရှိခဲ့ကြတယ်” ဟု သတင်း၌ ဖော်ပြထားသည်။

“အစည်းအဝေး ကျင်းဖို့ ဆက်စပ်နယ်ပယ်တွေမှာ လက်တွေ့ကျတဲ့ အဆင့်တွေကို အမြန်ဆုံး လုပ်ဆောင်ဖို့ သူ (ကင်) က အရေးကြီးတဲ့ ညွှန်ကြားချက်ပေးအပ်ခဲ့တယ်” ဟု သတင်းက ဆိုသည်။

ကင်သည် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်၏ အထူးသံတမန်နှင့် ထိပ်တန်း လုံခြုံရေးအကြံပေး၊ အိမ်ပြာတော် အမျိုးသား လုံခြုံရေးရုံး အကြီးအကဲ Chung Eui-yong အား တွေ့ဆုံခဲ့သည်။

Chung သည် မွန်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဝဏ်လွှာအား ကင်ထံသို့ ပေးအပ်ခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့၌ အမျိုးသား စုံစမ်းထောက်လှမ်းရေးလုပ်ငန်း (NIS) ညွှန်ကြားရေးမှူး Suh Hoon ၊ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး Chung Hae-sung ၊ NIS လက်ထောက် ညွှန်ကြားရေးမှူး Kim Sang-gyun နှင့် အိမ်ပြာတော် အကြီးတန်း အရာရှိ Yun Kun-young တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.