Connect with us

Asia

ထိုင်ဝမ် ငလျင်ကြောင့် ပြိုကျ အဆောက်အဦများ ကြားထဲ လူရာပေါင်းများစွာ ပိတ်မိနေ

- ငလျင်ကြောင့် ပြိုကျနေသည့် အဆောက်အဦတွင် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

တိုင်ပေ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ထိုင်ဝမ် တောင်ပိုင်းတွင် ဖေဖော်ဝါရီလ ၆ ရက် အစောပိုင်းက ပြင်းအား ၆.၇ ရစ်ချ်တာ စကေးရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ တိုင်နန်မြို့၌ အနည်းဆုံး အဆောက်အဦ တစ်လုံး ပြိုကျခဲ့သလို အခြား အဆောက်အဦပေါင်း များစွာ လည်း ပျက်စီးခဲ့ကာ ယင်းအပျက်အစီးများကြား၌ လူ ရာပေါင်းများစွာ ပိတ်မိနေခဲ့ကြောင်း ဒေသခံ မီဒီယာများ အရ သိရသည်။

လက်ရှိ အချိန်အထိ ငလျင်ကြောင့် အသက် ၁၀ ရက်သားအရွယ် မိန်းကလေး တစ်ဦးနှင့် အသက် ၄၀ နှစ် အရွယ် အမျိုးသား တစ်ဦး အပါအဝင် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃၁၈ ဦးမှာ ဆေးရုံ၌ ကုသမှု ခံယူနေသည်။ လူပေါင်း ၂၀၀ ခန့်မှာ ပြိုကျခဲ့သော အထပ်မြင့် အဆောက်အဦများ အတွင်း၌ အသက်ရှင်လျက် ကျန်ရှိနေသေးသည်ဟု မျှော်လင့်ရကြောင်း သတင်းများက ဖော်ပြထားသည်။

တရုတ် မြေငလျင် ကွန်ရက် စင်တာ၏ တိုင်းတာချက်အရ အဆိုပါ အင်အားကြီးမားသည့် ငလျင်သည် ထိုင်ဝမ် ၏ ဆိပ်ကမ်းမြို့ကြီး ဖြစ်သည့် ကောင်းရှုံမြို့၌ ပေကျင်းစံ တော်ချိန် နံနက် ၃း၅၇ နာရီ အချိန်တွင် အနက် ၁၅ ကီလိုမီတာတွင် ဗဟိုပြု လှုပ်ခတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.