Asia
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့် လူ ၂ ဦးသေဆုံး
ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီပြည်နယ်တွင် ဇန်နဝါရီလ ၂၂ ရက်က အဝေးပြေးရထားတစ်စင်းနှင့် ပစ်ကပ်ကားတစ်စီး တိုက်မိသောကြောင့် အသက် ၁၀ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးနှင့် ၎င်း၏ မိခင်တို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုသည် ဇန်နဝါရီလ ၂၂ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းက အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ၎င်း၏သားအား ကျောင်းသို့ လိုက်ပို့ခဲ့ချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ကားသည် အတားအဆီးမရှိသည့် ရထားလမ်းအားဖြတ်ကူးစဉ် ဘန်ကောက်-ယာလာ ရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။
ရထားနှင့်တိုက်မိစဉ် ယင်းကလေးငယ်၏ ခန္ဓာကိုယ်မှာ ရထားစက်ခေါင်းဖြင့် မီတာ ၁၀၀ ခန့်အထိပါသွားခဲ့ကြောင်း၊ ကလေးငယ်၏မိခင်မှာမူ ကားအတွင်း ပိတ်မိနေခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးလုံးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုမဖြစ်ပွားမီ အမျိုးသမီးမှာ ရထားလာနေသည်ကို သတိမထားမိခြင်းဖြစ်နိုင်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရခြင်း အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)