Asia
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးရှိ ဘတ်စ်ကားများတွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်နေ
ဟိုချိမင်းစီးတီး၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
ဗီယက်နိုင်ငံ မြို့တော် ဟိုချီမင်းစီးတီးတွင် ပြေးဆွဲနေသည့် ဘတ်စ်ကားများပေါ်၌ စီမံခန့်ခွဲမှု၊ ညွှန်ကြားမှုနှင့် လုံခြုံမှုများ ပိုမိုကောင်းမွန်စေရန် စောင့်ကြည့် ကင်မရာများ တပ်ဆင်နေပြီ ဖြစ်ကြောင်း မြူနီစီပယ် ပို့ဆောင်ရေး ဋ္ဌာနက ဧပြီလ ၁၀ ရက်က ပြောသည်။
ထိုသို့ တပ်ဆင်ခြင်းအားဖြင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် သူခိုးများရန်မှ ထိရောက်စွာ ကာကွယ်၊ တိုက် ခိုက်နိုင်မည် ဖြစ်ပြီး ယခုနှစ်ကုန်၌ ကင်မရာများတပ်ဆင်ပြီးစီးနိုင်မည်ဟု မျှော်လင့်ထားကြောင်း မြူနီစီပယ် ပို့ဆောင်ရေးဋ္ဌာန၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု စင်တာက ပြောသည်။
လတ်တလော ဘတ်စ်ကား နှစ်စီးတွင် ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး ကင်မရာဝယ်ယူခြင်းနှင့် တပ်ဆင်မှု အတွက် ကားတစ်စီးစာ ကုန်ကျစရိတ် ဗီယက်နမ် ဒေါင် ၁၃ သန်း (အမေရိကန်ဒေါ်လာ ၅၈၀ ခန့်) ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ဟိုချီမင်းစီးတီးတွင် အစိုးရထောက်ပံ့ငွေများဖြင့် လမ်းကြောင်း ၂၈ ခုတွင် ပြေးဆွဲနေသော ဟောင်း နွမ်းနေသည့် ဘတ်စ်ကား စီးရေ ၅၀၀ ခန့် အား အစားထိုး လဲလှယ်ကာ စမတ် အီလက်ထရောနစ် လက်မှတ် စနစ်အား လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါ စင်တာက ပြောသည်။
လက်ရှိတွင် ဟိုချီမင်းစီးတီး၌ ဘတ်စ်ကား ၃၀၀၀ နီးပါးပြေးဆွဲလျက်ရှိပြီး အများစုမှာ ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်ကတည်းက ပြေးဆွဲနေသည့် ယာဉ်များဖြစ်ကြောင်း သိရသည်။ (Xinhua)