Connect with us

Asia

ဗီယက်နမ်မြို့ပြများတွင် ပြေးဆွဲရန် တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသော ကားရထား တွဲဆိုင်းများ ဗီယက်နမ်သို့ရောက်ရှိလာ


ဟနွိုင် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသော ကားရထား ပထမတွဲဆိုင်းကို ဗီယက်နမ်နိုင်ငံ၏ ပထမမြို့ပြရထားလမ်း ( Cat Linh-Ha Dong လမ်းပိုင်း) တွင် ပြေးဆွဲရန်အတွက် ဖေဖော်ဝါရီလ ၂၁ ရက် ညနေပိုင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အရှည် ၁၃ ကီလိုမီတာ ရှိသည့် Cat Linh-Ha dong ရထားလမ်းပိုင်းကို အမှတ် ၆ တရုတ် ရထားလမ်း အင်ဂျင်နီယာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(CREC) က ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

ပထမဆုံး ပို့ဆောင်ပေးမည့် ကားရထားတွင် တွဲဆိုင်း ၄ ခုပါဝင်ကြောင်း ၊ ယခုပထမတွဲဆိုင်းကို ပေကျင်းမြို့မှ ဇန်နဝါရီလ ၂ဝ ရက်တွင် စတင်ပို့ဆောင်ပေးခဲ့ပြီး ဟနွိုင်မြို့သို့ဖေဖော်ဝါရီလ ၁၉ ရက်တွင် ရောက်ရှိလာကြောင်း CREC ကုမ္ပဏီမှ အထွေထွေမန်နေဂျာ Tang Hong က ဆင်ဟွာသို့ပြောကြားခဲ့သည်။ ၎င်းရထားကို တရုတ်နိုင်ငံ၏ အဆင့်အတန်းများ နှင့် နည်းပညာများဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ တည်ဆောက်ထားသော ကားရထားတွဲဆိုင်းများ ဗီယက်နမ်နိုင်ငံသို့ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ တည်ဆောက်ထားသော ကားရထားတွဲဆိုင်းများ ဗီယက်နမ်နိုင်ငံသို့ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ တည်ဆောက်ထားသော ကားရထားတွဲဆိုင်းများ ဗီယက်နမ်နိုင်ငံသို့ရောက်ရှိလာစဉ် (ဆင်ဟွာ)

အခြားသော တွဲဆိုင်း သုံးခုသည် ယခုရက်သတ္တပတ်အကုန်တွင် ရောက်ရှိ တပ်ဆင်နိုင်မည်ဖြစ်ကြောင်း နှင့် ယခုနှစ်အကုန် လျှပ်စစ်ဓာတ်အားလိုင်း နှင့် ချိတ်ဆက် တပ်ဆင်ပြီးချိန်တွင် စတင်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း Tang ၏ပြောကြားချက်အရ သိရသည်။

ရထားတွဲဆိုင်းများ ဆိုက်ရောက်ခြင်း နှင့် တပ်ဆင်ခြင်းအခမ်းအနားပြုလုပ်ချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေလင့်ကစား ဗီယက်နမ်သတင်းသမား နှင့် ဟနွိုင်မြို့သား ရာပေါင်းများစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။ ပထမဆုံးရထားတွဲဆိုင်းကို အောင်မြင်စွာ တပ်ဆင်ပြီးချိန်တွင် လူအုပ်ကြီးက ဝမ်းပန်းတသာ လက်ခုပ်သြဘာပေးခဲ့ကြောင်း သိရသည်။

“ မြို့ပြရထားလမ်း တည်ဆောက်မှုဟာ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံချစ်ကြည်ရေးရဲ့ သင်္ကေတအမှတ်အသားတစ်ခုပါပဲ။ ဒီရထားလမ်းက ဟနွိုင်မြို့ရဲ့ လမ်းပိတ်နေတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မှာပါ” ဟု Tang က ပြောသည်။

ဗီယက်နမ်နိုင်ငံမှ ဝယ်ယူထားသည့် ကျန်ရှိနေသေးသော ရထား ၁၂ စင်းသည် အဆင်ပြေသည့် အချိန်တွင် ဟနွိုင်မြို့သို့ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.