Connect with us

Asia

ဘန်ကောက်မြို့၌ ပေါက်ကွဲမှုကြောင့် လူ၂ဦးဒဏ်ရာရရှိ

ထိုင်းတွင် ယခင်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အမျိုးသားကဇာတ်ရုံ အရှေ့တွင် မေ ၁၅ ရက် ညပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ထိုင်းအမျိုးသမီး ၂ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ထိုင်းမီဒီယာတစ်ခုကပြောကြားခဲ့သည်။

အဆိုပါ အမျိုးသမီး ၂ဦး၏ လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်တွင်းဆေးရုံတစ်ခု၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ည ၈း၃၀နာရီတွင် ဖြစ်ပွားခဲ့ပြီး ပိုက်ဖြင့် ပြုလုပ်ထားသည့် ဗုံးတစ်လုံးဖြစ်နိုင်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ နှင့် ဗုံးရှင်းလင်းရေးတပ်ဖွဲ့များက အခင်းဖြစ်ပွားရာတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းမီဒီယာ Matichon ၏ဖော်ပြချက်အရ အမျိုးသားကဇာတ်ရုံရှေ့ရှိ သစ်ပင်အနီးသို့ တစ်စုံတစ်ဦးက တစ်စုံတစ်ခုကို ပစ်ချသွားခဲ့ကြောင်း သိရသည်။ယခု ပေါက်ကွဲမှုသည် ဘန်ကောက်မြို့၏ အဓိကကျသော ပြည်သူ့ရင်ပြင် Sanam Luang အနားတွင် ၂၀၁၇ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပြီး ဧပြီလ အစောပိုင်းကလည်း အစိုးရထီရုံဟောင်း တစ်ခု တွင် ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် မိလ္လာလုပ်သား၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.