Asia
မလေးရှား နိုင်ငံ ဝန်ကြီးချုပ် က လွှတ်တော် ကို ဖျက်သိမ်း ပြီး အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး အတွက် ပြင်ဆင်ရန် ထုတ်ပြန်ကြေညာ
ကွာလာလမ်ပူ ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
မလေးရှား နိုင်ငံ ဝန်ကြီးချုပ် Najib Razak က မိမိ အနေဖြင့် မလေးရှား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် Sultan Muhammad Ke V ၏ ခွင့်ပြုချက် ကို ရရှိခဲ့ပြီး ဧပြီလ ၇ ရက်နေ့ မှ စတင်၍ လွှတ်တော် ကို ဖျက်သိမ်း ကာ အသစ် တစ်ကြိမ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး အတွက် ပြင်ဆင်ရန် ထုတ်ပြန် ကြေညာ ခဲ့သည်။
မလေးရှား နိုင်ငံ ၏ ယခု အကြိမ် လွှတ်တော် သက်တမ်း မှာ ယခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ကုန်ဆုံး မည်ဖြစ်သည်။ မလေးရှား နိုင်ငံ ဥပဒေ သတ်မှတ်ချက်အရ ဝန်ကြီးချုပ် အနေဖြင့် လွှတ်တော် အား သက်တမ်း မကုန်ဆုံးမည် ကြိုတင် ဖျက်သိမ်း သည့် အခွင့်အာဏာ ရှိပြီး ဥပဒေ သတ်မှတ်ချက် အရ လွှတ်တော် အား ဖျက်သိမ်း ပြီးလျှင် အထွေထွေ ရွေးကောက်ပွဲ အား ရက်ပေါင်း ၆၀ အတွင်း ကျင်းပ ပြုလုပ်ရမည် ဖြစ်ကြောင်း သတ်မှတ် ထားသည်။
မလေးရှား နိုင်ငံ ဝန်ကြီးချုပ် က ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဝန်ကြီးချုပ် အိမ်တော် တွင် အစည်းအဝေး ကျင်းပ ပြီးနောက် ရုပ်မြင်သံကြား မှ တစ်ဆင့် မိန့်ခွန်းပြောကြား ခဲ့သည်။ မိန့်ခွန်းပြောကြားရာတွင် Najib Razak က ပြည်နယ် အစိုးရ အသီးသီး အနေဖြင့် အစီအစဉ် များအရ လွှတ်တော် များကို ဖျက်သိမ်းကြရန် အကြံပြုလိုကြောင်း နှင့် ယင်းမှသာ ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ နှင့် ကွန်ဂရက် ရွေးကောက်ပွဲ ကို တစ်ချိန်တည်း ကျင်းပ နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
မလေးရှား နိုင်ငံ အမျိုးသား ကွန်ဂရက် သည် နိုင်ငံ ၏ အမြင့်ဆုံး ဥပဒေပြု အဖွဲ့အစည်း ဖြစ်ပြီး အထက်လွှတ်တော် နှင့် အောက်လွှတ်တော် တို့မှ ပေါင်းစည်း ထားခြင်း ဖြစ်သည်။ အောက်လွှတ်တော် တွင် လွှတ်တော် အမတ် နေရာပေါင်း ၂၂၂ ခု တည်ရှိပြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ၏ ရာထူး သက်တမ်း မှာ ၅ နှစ် ဖြစ်ကာ အထွေထွေ ရွေးကောက်ပွဲ မှ တစ်ဆင့် ရွေးချယ် တင်မြှောက်ခြင်း ဖြစ်သည်။ အထက်လွှတ်တော် တွင် လွှတ်တော် အမတ် နေရာ ပေါင်း ၇၀ တည်ရှိပြီး ကိုယ်စားလှယ် ၂၆ ဦး ကို ပြည်နယ် ၁၃ ခုရှိသည့် အနက် ပြည်နယ်လွှတ်တော် တစ်ခု မှ ကိုယ်စားလှယ် ၂ ဦး ရွေးချယ် တင်မြှောက်ခြင်း ဖြစ်ပြီး ကျန် ၄၄ ဦးအား ဝန်ကြီးချုပ် ၏ မိတ်ဆက်ပေးခြင်း မှ တစ်ဆင့် မလေးရှား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် က ရွေးချယ် တင်မြှောက် ခြင်း ဖြစ်သည်။ အထက် လွှတ်တော် ကိုယ်စားလှယ် သက်တမ်း အနေဖြင့် ၃ နှစ် ဖြစ်ပြီး သက်တမ်း ၂ ကြိမ် ဆက်တိုက် တာဝန်ထမ်းဆောင် နိုင်ကြောင်း သိရှိရသည်။(Xinhua)