Connect with us

Asia

လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ထားခြင်း ရှိမရှိ ကြားနာပွဲသို့ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း တက်ရောက်

ဒါကာမြို့တရားရုံးသို့ရောက်ရှိလာသော ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ အားတွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာသည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့စဉ်က လာဘ်ပေး လာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ဟူသော ဘင်္ဂလားဒေ့ရှ် နိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(ACC) ၏ စစ်ဆေး ကြားနာပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခါလီဒါဇီယာအား ထောက်ခံသည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ (BNP) မှ ပါတီဝင် ထောင်ပေါင်း များစွာသည် ဒါကာမြို့ရှိ တရားရုံးသို့လာရောက်ပြီး ဝန်ကြီးချုပ်ဟောင်းအား ကြိုဆို ထောက်ခံ အားပေးခဲ့ကြသည်။
ဇီယာရန်ပုံငွေ အလွှဲသုံးစား ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး BNP ပါတီ အကြီးအကဲ ခါလီဒါဇီယာ နှင့် အမှုတွင် ပါဝင်သူများကို ဇွန်လ ၂၃ ရက်တွင် ထပ်မံ စစ်ဆေးရန် အထူးခုံရုံး အမှတ် ၃ မှ တရားသူကြီး Abu Ahmed Jamadar က ကြေညာခဲ့သည်။
အဆိုပါ ကိစ္စကြောင့် ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရသည့် ခါလီဒါဇီယာ က တရားရုံးတွင် အမှုရွေ့ဆိုင်းပေးရန် အသနားခံစာ တင်ခဲ့သည့်အတွက် အမှုကြားနာမည့်နေ့ကို ထပ်မံရွှေ့ဆိုင်းပေးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သော ဧပြီလ ၁၇ ရက်က ပြုလုပ်ခဲ့သော အမှုစစ်ဆေး ကြားနာပွဲသို့ဇီယာ တက်ရောက်ခဲ့သည်။ ဇီယာ၏ ခင်ပွန်းဖြစ်သူ ယခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Zaiur Rahmant တာဝန်ယူခဲ့သည့် ၂ဝဝ၁ ခုနှစ် မှ ၂ဝဝ၆ ခုနှစ်အတွင်း ၎င်းဦးဆောင် တည်ထောင်ထားသော ( Zia Charitable Trust ) ဇီယာ လူမှုကူညီရေး အသင်းမှ အလှူငွေ ဘင်္ဂလားဒေ့ရှ် တာကာ ၃၁.၅ သန်း (အမေရိကန် ဒေါ်လာ ၃၉၇,၄၃၅ ) ကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြောင်း စွပ်စွဲခံထားရသည်။
အဂတိ လိုက်စားမှု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း ဇီယာက လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အတိုက်အခံ ပါတီဝင်များ အဖြစ် ရပ်တည်နေသည့် ၎င်းနှင့် သားဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာရှီနာ တို့အား နိုင်ငံရေးအရ တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း မကြာခဏ ပြောဆိုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.