Connect with us

Asia

လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရထားလမ်း တည်ဆောက်ရေး ငွေကြေးဖြည့်တင်းရန် ရှာဖွေ

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ ရထားဘူတာရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းနှင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဟာသင်းပြည်နယ် Vung Ang ဆိပ်ကမ်းတို့အား ချိတ်ဆက်သော ရထားလမ်းတည်ဆောက်ရေးအတွက် ငွေကြေးရှာဖွေရန် နှစ်နိုင်ငံ အစိုးရတို့က ကတိပြုခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ တာဝန်ရှိသူများသည် ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ Vientiane-Vung Ang ရထားလမ်းအဖြစ် လူသိများသော ပရောဂျက်အား နားလည်သဘောပေါက်ရန်အတွက် အတူတကွ လုပ်ဆောင်ရန် ကတိပြုခဲ့ကြကြောင်း ဒေသခံ ဗီယင်ကျန်းတိုင်းမ် နေ့စဉ် သတင်းစာက ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ သဘောတူလက်မှတ်ရေးထိုးခြင်းသည် ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် လာအိုနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ငုယင်ဖူထရုန် (Nguyen Phu Trong) ၏ ခရီးစဉ်၏ ရလဒ်တစ်ခုအဖြစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ရထားလမ်းသည် ၅၅၅ ကီလိုမီတာ ရှည်လျားပြီး လာအိုနိုင်ငံတွင် ၄၅၂ ကီလိုမီတာနှင့် ဗီယက်နမ်နိုင်ငံ၌ ၁၀၃ ကီလိုမီတာ ရှိကြောင်း သိရသည်။အဆိုပါ ရထားလမ်းအတွက် ငွေကြေးအား နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ကဏ္ဍများ၊ တရားဝင်ဖွံ့ဖြိုးရေး အကူအညီမှတစ်ဆင့် အတိုးနှုန်းနည်းချေးငွေ၊ အခြားသော ဖြစ်နိုင်ခြေအရင်းအမြစ်များမှ ရှာဖွေနိုင်ကြောင်း သဘောတူညီချက်အရ သိရသည်။ထို ရထားလမ်းသည် လာအိုနိုင်ငံအား ကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ ကုန်တွင်းချိတ်ဆက်မှုရှိသောနိုင်ငံအဖြစ်သို့ ပြောင်းလဲရန်နှင့် လာအိုနှင့် ဗီယက်နမ်အစိုးရတို့ ပူးတွဲဖွံ့ဖြိုးတိုးတက်ရန် သဘောတူထားသည့် Vung Ang ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်း ရရှိရန် အစိုးရ၏ အားထုတ်မှုများကို ကြီးမားသောမြှင့်တင်မှုတစ်ရပ်ဖြစ်လာမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.