Asia
သက်တမ်း နှစ် ၁၀၀ ကျော်ရှိသော ဗြိတိန် သံစုံတီးဝိုင်းကြီး ဗီယက်နမ်မြို့တော်တွင် ဖျော်ဖြေမည်

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်း၏ လမ်းမပေါ်တွင် သက်တမ်း ၁၁၃ နှစ်ရှိပြီ ဖြစ်သော ဗြိတိန်နိုင်ငံ London Symphony Orchestra မှ အနုပညာရှင် ၉၅ ဦးက မတ်လ ၄ ရက်နေ့တွင် ဖျော်ဖြေ တင်ဆက်မည် ဖြစ်ကြောင်း ဒေသခံ တာဝန်ရှိသူများက ဖေဖော်ယါရီလ ၂၂ ရက်က ပြောကြားလိုက်သည်။
အဆိုပါ အစီအစဉ်ကို မတ်လ ၄ ရက် ဒေသစံတော်ချိန် ညနေ ရး၄၅ နာရီအချိန်မှ စတင်ကာ ၁၀၅ မိနစ်ကြာ ဖျော်ဖြေမည် ဖြစ်ကြောင်း ဟနွိုင်း ယဉ်ကျေးမှုနှင့် အားကစား ဋ္ဌာန ညွှန်ကြားရေးမှူး တူဗန်ဒုံက Sai Gon Giai Phong (Sai Gon Liberation) သတင်းစာအား ဖြေကြားခဲ့သည်။
ယင်း ဖျော်ဖြေပွဲတွင် ကမ္ဘာပေါ်တွင် ဂုဏ်သိက္ခာကြီးမားဆုံး သံစုံတီးဝိုင်းကြီး ငါးခုထဲတွင် တစ်ခု အပါအဝင် ဖြစ်သည့် London Symphony Orchestra ၏ အနုပညာ ဖျော်ဖြေမှုအား ဗီယက်နမ် ပြည်သူများ ခံစားနိုင်မည် ဖြစ်ကြောင်း ဒုံက ပြောသည်။
ယခုလို ဟနွိုင်းတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲသည် London Symphony Orchestra ၏ ယခုနှစ်အတွက် အာရှ ဖျော်ဖြေရေး ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ London Symphony Orchestra သံစုံ တီးဝိုင်းကို ၁၉၀၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး တစ်နှစ်လျှင် ဗြိတိန်နိုင်ငံတွင် ဖျော်ဖြေပွဲ ၇၀၊ ကမ္ဘာတစ်ဝန်းတွင် ပွဲပေါင်း ၇၀ တင်ဆက်ပြသခဲ့ကြောင်း သိရသည်။ (Xinhua)