Connect with us

Asia

သီရိလင်္ကာနိုင်ငံက နိုင်ငံ နှင့် ဒေသပေါင်း ၃၉ ခုကို ဗီဇာကင်းလွတ်ခွင့် ထုတ်ပေးမည်

သီရိလင်္ကာနိုင်ငံ၏ ခရီးသွားနေရာတစ်ခုအားတွေ့ ရစဉ်(အင်တာနက်)

ကိုလံဘို ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံခရီးသွားဝန်ကြီးဌာနက လာမည့် သြဂုတ် ၁ ရက်မှ စတင်ကာ ကမ္ဘာ့နိုင်ငံ နှင့် ဒေသပေါင်း ၃၉ ခုမှ ပြည်သူများကို ဗီဇာကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ၊ ယင်းသို့လုပ်ဆောင်ခြင်းမှာ ကမ္ဘာလှည့်ခရီးသွားများကို ပိုမိုဆွဲဆောင်ရန်အတွက် ဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဇူလိုင် ၁ဝ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ၊ တောရိုင်းတိရစ္ဆာန် နှင့် ခရစ်ယာန်ဘာသာရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး John Amaratunga က ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို မေ ၁ ရက်တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ရန် အစိုးရအဖွဲ့အစည်းအဝေးတစ်ခုက အစောပိုင်း၌ အတည်ပြုခဲ့ကြောင်း ၊ သို့သော် အီစတာပွဲတော်နေ့တွင် အကြမ်းဖက်တိုက်ခိုက်များမှုဖြစ်ပွားခဲ့ခြင်းကြောင့် ယင်းအစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း နိုင်ငံ၏ လုံခြုံရေးအခြေအနေမှာ ပုံမှန်အနေအထားပြန်လည် ရောက်ရှိစဉ်တည်းက ဝန်ကြီးသည် အစိုးရအဖွဲ့အစည်းအဝေးတွင် ဗီဇာကင်းလွတ်ခွင့်ကိစ္စကို သြဂုတ် ၁ ရက် မှစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးတင်ပြခဲ့ကြောင်း ဆိုသည်။

ဗီဇာကင်းလွတ်ခွင့် စတင်ခွင့်ပြုလိုက်ပြီဆိုပါက အကြမ်းဖက်သံသယရှိသူများ နိုင်ငံအတွင်းသို့မဝင်ရောက်လာစေရန် အစိုးရအနေဖြင့် “ နောက်ကြောင်းစုံစမ်းထောက်လှမ်းခြင်း” စနစ်သစ်တစ်ခုကို လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။

ယင်းဆိုက်ရောက်ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို ၆ လတာ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး အကယ်၍ အောင်မြင်ပါက အစိုးရအနေဖြင့် တရုတ် နှင့် အိန္ဒိယ ခရီးသွားများကိုပါ ဗီဇာကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း Amaratunaga က ဆိုသည်။

သီရိလင်္ကာအနေဖြင့် ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၂.၅ သန်းဝင်ရောက်ရန် ရည်မှန်းထားပြီး ယင်းမှတဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ရရှိရန် မျှော်မှန်းထားကြောင်း သီရိလင်္ကာအစိုးရက မကြာသေးမီတွင် ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.