Asia
သီရိလင်္ကာနိုင်ငံတွင် ဝက်သက်ရောဂါကင်းစင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြေညာ
ကိုလံဘို၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံက ဝက်သက်ရောဂါအား အောင်မြင်စွာ ရှင်းလင်းပစ်နိုင်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ကမ္ဘာတစ်ဝန်းတွင် ဝက်သက်ရောဂါဖြစ်ပွားမှု မြင့်တက်လာချိန်တွင် သီရိလင်္ကာနိုင်ငံ၏ အောင်မြင်မှုအား WHO ချီးကျူးပြောကြားခဲ့သည်။
သီရိလင်္ကာ၏အောင်မြင်မှုက ၎င်း၏ကတိကဝတ်၊ ကျန်းမာရေးလုပ်ငန်းခွင်နှင့် ကလေးတွေကို ဝက်သက်ရောဂါကနေ ကာကွယ်ရန် မိဘများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုများအား လက်တွေ့ပြသလိုက်ခြင်းဖြစ်ကြောင်း WHO အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Poonam Khetrapal Singh က ပြောခဲ့သည်။
သီးခြားလွတ်လပ်သော စိစစ်မှုကော်မတီတစ်ရပ်က သီရိလင်္ကာနိုင်ငံရှိ ဝက်သက်ရောဂါ လျှော့ချရေး အသေးစိတ် အချက်အလက်များအားလုံးနှင့် လက်ရှိကြိုးပမ်းအားထုတ်မှုများကို သုံးသပ်ခဲ့ပြီး သီရိလင်္ကာနိုင်ငံက ဝက်သက်ဗိုင်းရပ်စ် ကူးစက်မှုအား ရပ်တန့်နိုင်ခဲ့ပြီဟု ဆုံးဖြတ်ချက်ချခဲ့သည်။
သီရိလင်္ကာနိုင်ငံတွင် နောက်ဆုံးအကြိမ်ဝက်သက်ရောဂါဖြစ်ပွားမှုမှာ ၂၀၁၆ ခုနှစ် မေလကဖြစ်ကြောင်း သိရသည်။ (Xinhua)