Connect with us

Asia

ဟိန္ဒူဘာသာရေးခေါင်းဆောင် ဂုရုကြီး တစ်ဦးကို အဓမ္မကျူးလွန်မှုဖြင့် အိန္ဒိယရဲဖမ်းဆီး

အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဂုရုကြီး godman Kaushlendra Prapanacharya Phalahari Maharaj အားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၃ ရက်တွင် ဟိန္ဒူဘာသာရေးခေါင်းဆောင် ဂုရုကြီး တစ်ဦးကို ၎င်းအား ကိုးကွယ်ယုံကြည်သူ အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးအား အဓမ္မကျူးလွန်မှုဖြင့် နယူးဒေလီမြို့အနီးရှိ ဘုရားကျောင်းဝင်းတစ်ခုအတွင်းမှ ဖမ်းဆီးလိုက်ကြောင်းသိရသည်။

“အသက် ၇ဝ နှစ်အရွယ်ရှိ ဂုရုကြီး Kaushlendra Prapanacharya Phalahari Maharaj ကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ် Alwar မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ပြီးနောက် ထိန်းသိမ်းလိုက်ပါတယ်” ဟု Alwar မြို့ရဲတပ်ဖွဲ့အကြီးအကဲ Paras Jain က သတင်းဌာနများသို့ပြောကြားခဲ့သည်။

သစ်သီးဆွမ်းသာ ဘုန်းပေးပြီး ဖလာဟာရီဘာဘာ( Falahari Baba) ဟု နာမည်ကျော်ကြားနေသော ဂုရုကြီးသည် ၎င်းအား ရဲတပ်ဖွဲ့က မုဒိန်းမှုဖြင့် ဖမ်းဆီးလိုက်ပြီးနောက်တွင် သွေးတိုးရောဂါအကြောင်းပြချက်ဖြင့် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူရန် စောဒကတက်ခဲ့သည်။ ဂုရုကြီးကို ကိုးကွယ်ဆည်းကပ်နေသည့် အမျိုးသမီးတစ်ဦးသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်း Chhattisgarh မြို့ရှိ ၎င်း၏ နေအိမ်၌ အဓမ္မပြုကျင့်ခံရကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ Alwar မြို့က အစိုးရဆေးရုံတစ်ရုံမှာ ဂုရုကြီးကို လိုအပ်တဲ့ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူရဲ့ သွေးခုန်နှုန်းက ပုံမှန်ပါပဲ။ သူ့ကို မုဒိန်းမှုနဲ့တရားစွဲဆိုသွားမှာပါ။ အခုတော့ သူ့ကို အချုပ်ခန်းထဲမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်” ဟု ရဲအရာရှိက ဆိုသည်။အိန္ဒိယနိုင်ငံ၌ မကြာသေးမီက အမျိုးသမီး ၂ ဦးအား အဓမ္မပြုကျင့်ပြီး လူသတ်မှုကျူးလွန်ခဲ့သည့် စွပ်စွဲချက်ဖြင့်ဂုရုကြီး Gurmeet Ram Rahim Singh အား ထောင်ဒဏ် နှစ် ၂ဝ ချမှတ်လိုက်ပြီးနောက် ယခုတစ်ဖန် နောက်ထပ် ဂုရုတစ်ဦးအား အဓမ္မမှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.