Asia
အင်ဒိုနီးရှားလေတပ် အမောင်းသင် လေယာဉ် ပျက်ကျမှုကြောင့် သုံးဦးသေ၊ တစ်ဦးပျောက်ဆုံး
ဂျကာတာ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားကျွန်းရှိ မဲလ်လန်မြို့တွင် လေတပ် အမောင်းသင် လေယာဉ် တစ်စင်း ပျက်ကျမှု ကြောင့် လေယာဉ်မှူးနှင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး တွဲဖက်လေယာဉ်မှူးတစ်ဦးမှာ ပျောက်ဆုံးလျက်ရှိ ကြောင်း ဒေသခံ အဆင့်မြင့် ကယ်ဆယ်ရေးအရာရှိ တစ်ဦးက ပြောသည်။
အဆိုပါ လေယာဉ်မှာ အဗ္ဗဒူရာမန် ဆာလာလေဆိပ်မှ ထွက်ခွာအပြီး ဒေသစံတော်ချိန် နံနက် ၁၀း၃၀ နာရီခန့် က မြေပြင်သို့ ထိုးကျခဲ့ရာ အိမ်တစ်လုံးအား တိုက်မိခဲ့ပြီး အိမ်အတွင်းရှိ လူနှစ်ဦး သေဆုံးခဲ့ကြောင်း၊ လက်ရှိ အချိန်အထိ တွဲဖက်လေယာဉ်မှူးအား ရှာဖွေနေဆဲ ဖြစ်ကြောင်း ဂျာဗား အရှေ့ပိုင်းရှိ ရှာဖွေရေးနှင့် ကယ်ဆယ် ရေးရုံး အထွေထွေဋ္ဌာန ဋ္ဌာနမှူး Ariadi က ဆင်ဟွာသို့ တယ်လီဖုန်းမှ တဆင့် ပြောသည်။
လေယာဉ် အပျက်အစီးများနှင့် ၂ ကီလိုမီတာခန့် အကွာအဝေးထိ လေယာဉ် ထိုင်ခုံတစ်လုံးက လွင့်စဉ်သွားခဲ့ ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)