Asia
အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး အစည်းအဝေး ကို အောင်မြင်စွာ ကျင်းပ နိုင်ရန် ကြိုးပမ်း ဆောင်ရွက်မည် ဟု စင်ကာပူ ဝန်ကြီးချုပ် ပြောကြား
စင်ကာပူ ၊ မေ ၁၂ ရက် (ဆင်ဟွာ)
စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ မေလ ၁၁ ရက်နေ့ ၌ ထုတ်ပြန် ခဲ့သည့် ကြေညာ ချက်တွင် နိုင်ငံ ဝန်ကြီးချုပ် Lee Hsien Loong က အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြား ခဲ့ရာတွင် စင်ကာပူ နိုင်ငံ အနေဖြင့် ဇွန်လ အလယ်ပိုင်း အချိန်တွင် ကျင်းပ ပြုလုပ် မည့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး အစည်းအဝေး ကို အောင်မြင်စွာ ကျင်းပ နိုင်ရန် ကြိုးပမ်း ဆောင်ရွက်မည် ဟု ပြောကြား ခဲ့ကြောင်း ပါဝင် ခဲ့သည်။
ထုတ်ပြန်ချက်တွင် Lee Hsien Loong က ဒေါ်နယ်ထရမ့် အား ဇွန်လ ၁၂ ရက်နေ့ တွင် စင်ကာပူ နိုင်ငံ တွင် ကျင်းပ မည့် အစည်းအဝေး တက်ရောက်ခြင်း အပေါ် ကြိုဆိုကြောင်း ၊ ယင်း အစည်းအဝေး သည် သမိုင်းဝင် မည့် တွေ့ဆုံမှု တစ်ခု ဖြစ်ပြီး ကိုရီးယား ကျွန်းဆွယ် ရေရှည် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်မှု အတွက် အရေးပါသည့် ခြေလှမ်း တစ်ခု ဖြစ်ကြောင်း ၊ စင်ကာပူ နိုင်ငံ အနေဖြင့် ယင်း အစည်းအဝေး အား လက်ခံကျင်းပ ခွင့် ရရှိသည့် အတွက် လွန်စွာ ဂုဏ်ယူပြီး အတက်နိုင်ဆုံး အစည်းအဝေး အောင်မြင်စွာ ကျင်းပ နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု ပါဝင် ခဲ့သည်။
ထို့ပြင် ထုတ်ပြန်ချက်တွင် ဒေါ်နယ်ထရမ့် က ၎င်းအနေဖြင့် အစည်းအဝေး အား အောင်မြင်မှု ရရှိစေရန် အတက်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ စင်ကာပူ နိုင်ငံ အနေဖြင့် အစည်းအဝေး အား လက်ခံကျင်းပ ပေးခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ၊ ကိုရီးယား ကျွန်းဆွယ် အရေး နှင့် ပတ်သက်၍ လတ်တလော ကာလ အတွင်း အရေးပါသည့် တိုးတက်မှု များစွာ ရရှိခဲ့ပြီး ယခု ကျင်းပ သည့် အစည်းအဝေး မှ တစ်ဆင့် ကာလရှည်ကြာစွာ မဖြေရှင်းနိုင်သည့် ကိစ္စရပ် များအား ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည် ဟု ပါဝင် ခဲ့သည်။(Xinhua)