Asia
အမျိုးသမီးများအား စစ်သင်္ဘောများ၌ တာဝန်ထမ်းဆောင်ရန် အိန္ဒိယ မကြာမီ ခွင့်ပြုမည်
နယူးဒေလီ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
အမျိုးသမီးများအား အိန္ဒိယလေတပ်တွင် တာဝန်ထမ်းဆောင်ခွင့်ပြုပြီးနောက် စစ်သင်္ဘောများနှင့် စစ်သင်္ဘော နှင့်ဆိုင်သောနေရာများတွင်လည်း ရေယာဉ်မှူး နှင့် အရာရှိများအဖြစ်လည်း တာဝန် ထမ်းဆောင်ခွင့်ပြုမည် ဖြစ် ကြောင်း ရေတပ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“အမျိုးသမီးတွေကို ရေယာဉ်မှူးတွေအဖြစ် တာဝန်ထမ်းဆောင်ခွင့် အဆိုပြုလွှာကို ခွင့်ပြုရန် အိန္ဒိယကာကွယ် ရေး ဝန်ကြီး ဋ္ဌာနနဲ့ ရေတပ်က အဆင်သင့် ဖြစ်နေပါပြီ” ဟု အိန္ဒိယ ရေတပ် ဗိုလ်ချုပ်ကြီး R.K Dhowan က မီဒီယာများကို ပြော ကြားခဲ့သည်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အမျိုးသမီးများကို အိန္ဒိယ လေတပ်၌ တာဝန်ထမ်းဆောင်ရန် ၂၀၁၅ ခုနှစ် က ခွင့်ပြုခဲ့ပြီး ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူးအဖြစ် ၂၀၁၇ ခုနှစ် ဇွန်လတွင် တာဝန်ထမ်းဆောင် နိုင်မည် ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အမျိုးသမီးများအား အိန္ဒိယလေတပ်၏ တိုက်ခိုက်ရေး လုပ်ငန်းများ၌ တာဝန် ထမ်း ဆောင်ခွင့်ပြုထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)