Connect with us

Asia

အာဂျင်တီးနား ရက်ဘီ ကစားသမားတစ်ဦး ပွဲပယ် ပြစ်ဒဏ် ၂၉ နှစ် ချမှတ်ခံရ

URBA ရက်ဘီ ပြိုင်ပွဲတွင် Cipriano က တစ်ဖက် ကစားသမား မျက်နှာအား ခြေထောက်ဖြင့် ကန်နေပုံကို စက်ဝိုင်းဖြင့် ပြသထားသည်ကို တွေ့ရစဉ် ( ဓာတ်ပုံ-အင်တာနက် )

ဗျူနိုအေးရီးစ် ၊ ဧပြီ ၂၁ ရက် ( ဆင်ဟွာ )

ဗျူနိုအေးရီး ရက်ဘီအဖွဲ့ချုပ် ( URBA ) သည် Pucara ကလပ်အသင်းမှ ရက်ဘီကစားသမား Cipriano Martinez အား တစ်ဖက်အသင်း ကစားသမားတစ်ဦး၏ ဦးခေါင်းကို ခြေထောက်ဖြင့် ကန်ကြောက်မှုဖြင့် ပွဲပယ် ပြစ်ဒဏ် ၂၉ နှစ် ချမှတ်လိုက်သည်။

အဆိုပါ ပွဲပယ် ပြစ်ဒဏ်ကို သဘောတူ လက်ခံကြောင်း ဧပြီလ ၂ဝ ရက်တွင် အသင်းဥက္ကဋ္ဌ Eduardo Bernadello က ရုပ်မြင်သံကြားမှ တဆင့် အများပြည်သူတို့အသိပေး ပြောကြားခဲ့သည်။

“ Cipriano အပေါ် ချမှတ်တဲ့ ပွဲပယ် ပြစ်ဒဏ်ကို တရားဝင် လက်ခံရရှိပါတယ်။ အဲဒီ ပြစ်ဒဏ်က ရက်သတ္တပတ် အနေနဲ့ ၁,၅ဝ၈ ပတ်ပေါ့။ နှစ်အားဖြင့် ၂၉ နှစ်ခန့်ကြာမြင့်မှာပါ” ဟု အသင်း ခေါင်းဆောင်က ဆိုသည်။

၂ဝ၁၆ ခုနှစ် ဧပြီလ ၃ ရက်က ကျင်းပခဲ့သည့် URBA ပြိုင်ပွဲ၌ Pucara နှင့် San Albano အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ၎င်းပွဲစဉ်တွင် San Albano အသင်းကစားသမား Martinez kicked Juan Masi ၏ မျက်နှာကို Cipriano က ဖြတ်ကန်ခဲ့ခြင်း ဖြစ်သည်။

လေးစက္ကန့်ခန့်သာ ကြာမြင့်သည့် Cipriano ၏ ခြေကန်ချက် ဗီဒီယိုဖိုင်သည် လူမှုကွန်ယက် စာမျက်နှာပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့ခဲ့ပြီး ၎င်းလုပ်ရပ် အပေါ် အာဂျင်တီးနား အားကစား ပရိသတ်များ အကြား ဒေါသ ဖြစ်စေခဲ့သလို အာဂျင်တီးနား အာဏာပိုင် အဖွဲ့အတွက်လည်း သက်သေခံချက် တစ်ခု ဖြစ်ခဲ့ရသည်။ URBA ပြိုင်ပွဲ စည်းမျဉ်းများအရ တစ်ဖက်ကစားသမား ဦးခေါင်းကို ခြေထောက်ဖြင့် ကန်ကြောက်သူအား ရာသက်ပန် ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရမည်ဟု ပြဌာန်းထားသည်။ ( Xinhua )