Connect with us

Asia

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား၊ လူသေဆုံးမှုများရှိခဲ့

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ မေ ၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ယနေ့ (မေလ ၉ ရက်က) အကြမ်းဖက်တိုက်ခိုက်မှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူပေါင်းများစွာ သေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း မျက်မြင်သက်သေများနှင့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ပထမအကြိမ် တိုက်ခိုက်မှုသည် ဒေသစံတော်ချိန် နံနက် ၁၁း၃၀ နာရီဝန်းကျင်က ကဘူးလ်မြို့ အနောက်ဘက် Dashti Barchi နယ်မြေ အမှတ် ၁၃ ခရိုင်ရဲတပ်ဖွဲ့ရှိ ရဲစခန်းတစ်ခုအား သေနတ်သမားများနှင့် အသေခံဗုံးဖောက်ခွဲသူများက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နာဂျစ်ဒန်နစ်ရှ်က ပြောခဲ့သည်။

ထိုတိုက်ခိုက်မှုဖြစ်ပြီးနောက် ၂၅ မိနစ်ခန့်အကြာတွင် ဒုတိယအကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကဘူးလ်မြို့ အလယ်ပိုင်းရှိ အမှတ် ၁၀ ခရိုင်ရဲတပ်ဖွဲ့ Shahri Naw နယ်မြေက အဆောက်အဦများနှင့် ရဲစခန်းတစ်ခုအား အသေခံဗုံးခွဲရေးဝတ်စုံများဝတ်ဆင်ကာ သေနတ်ကိုင်ဆောင်ထားသော လက်နက်ကိုင် အကြမ်းဖက်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာများအား အစိုးရတပ်ဖွဲ့ဝင်များက လုံခြုံရေးစည်းတားထားပြီး လူအများစုဝေးခြင်းကို တားမြစ်ထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.