Connect with us

Asia

အိန္ဒိယတွင် ထရပ်ကားပေါ် ဝါယာကြိုး ပြတ်ကျ၍ ၇ ဦးသေ

ဓာတ်လိုက် သေဆုံးသွားသူ တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ မေ ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း Telangana ပြည်နယ်၌ လမ်းဘေး သွယ်တန်းထားသည့် ဝါယာကြိုး အပူလွန်ကဲရာမှ လမ်းမထက် မောင်းနှင်နေသော ထရပ်ကား တစ်စီးပေါ်သို့ပြတ်ကျခဲ့ရာ ကားပေါ်တွင် လိုက်ပါလာသူများအနက် အနည်းဆုံး ၇ ဦး ဓာတ်လိုက် သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရသွားကြောင်း ပြည်နယ် တာဝန်ရှိသူများက မေလ ၂ ရက်တွင် ပြောကြားသည်။

အခင်းဖြစ်ပွားရာ နေရာသည် Telengana ပြည်နယ် Hyderabad မြို့မြောက်ဘက် ၉၆ ကီလိုမီတာ အကွာရှိ Medak ခရိုင်၌ မေလ ၁ ရက်နေ့ညက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မတော်တဆမှုတွင် ပါဝင်ကြသူများသည် မင်္ဂလာ ဧည့်ခံပွဲ တစ်ခု တက်ရောက်ပြီး ပြန်လာကြသူများ ဖြစ်သည် ဟု ၎င်းအရာရှိက ဆိုသည်။
“ မနေ့ညက မီးအား အရမ်းပြင်းလို့ ဝါယာကြိုးမှာ မီးပွင့်တွေ ဖြာထွက်နေတယ်။ အဲဒီ မီးကြိုးဟာ Devulanaik Thanda က ရွာသား ၂ ဒါဇင်လောက် တင်ဆောင်လာတဲ့ ထရပ်ကားပေါ် ပြတ်ကျသွားတာပဲ” ဟု Medak ခရိုင်မှ တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် P VenkatRama Reddy က ဆင်ဟွာ သတင်းဌာနသို့တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။ ထို့ပြင် မတော်တဆမှု ဖြစ်စဉ်ကြောင့် လူ ၇ ယောက် သေဆုံးပြီး အခြား ၁၂ ဦးမှာ ဓာတ်လိုက် ခံထားရသဖြင့် ဝေဒနာပြင်းစွာ ခံစားနေရကြောင်း ၎င်းက ဆက်ပြောသည်။
ဒဏ်ရာ ရသူများထဲတွင် ၆ ဦးမှာ အရေးပေါ် အခြေအနေတွင် ရှိနေသည်။ အိန္ဒိယနိုင်ငံရှိ မြို့ကြီးများနှင့် ကျေးရွာ အများစုတွင် ကောင်းမွန်သော လျှပ်စစ်မီး သွယ်တန်းထားသည့် စနစ်များ မရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.