Connect with us

Asia

အိန္ဒိယတွင် အကြီးတန်း သတင်းထောက်တစ်ဦး နှင့် ၎င်း၏ မိခင်ဖြစ်သူ အသတ်ခံရ

အိန္ဒိယနိုင်ငံ တွင် အသတ်ခံရသည့် အယ်ဒီယာ KJ Singh အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ချပ်ပြည်နယ် တွင် အကြီးတန်းသတင်းထောက် တစ်ဦး နှင့် ၎င်း၏ အသက် ၉၂နှစ် အရွယ် မိခင်တစ်ဦး စက်တင်ဘာ ၂၃ ရက် က အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

၎င်းတို့၏ ရုပ်အလောင်းများကို ပန်ချပ်ပြည်နယ် မိုဟာလီမြို့ရှိ ၎င်းတို့၏ နေအိမ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ရဲအရာရှိတစ်ဦး က အကြီးတန်းသတင်းထောက် ဖြစ်သူ Singh ၏ ဝမ်းဗိုက် နှင့် လည်ပင်းတွင် ဓါးဖြင့် အလှီးခံထားရပြီး ၎င်း၏မိခင်ဖြစ်သူ Gurcharan Kaur သည်လည်း လည်ပင်အလှီးခံထားရကြောင်း နှင့် ယင်းဖြစ်စဉ်သည် လူသတ်မှု တစ်ခုပုံစံဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေသခံအစိုးရ ပြောရေးဆိုခွင့်ရှိသူ က သံသယရှိသူ လူသတ်တရားခံများအား ဖမ်းဆီးနိုင်ရေးအတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း ပြောကြားခဲ့သည်။အသက် ၆၀နှစ်အရွယ်ရှိ KJ Singh သည် Chandigarh မြို့ရှိ Indian Express၊ The Tribune နှင့် The Times of India တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်ကြောင်းသိရသည်။ပန်ချပ်ပြည်နယ် နှင့် မြို့တော် Chandigarh မြို့ ရှိ သတင်းထောက်အသိုင်းအဝိုင်း က ယင်းလူသတ်မှု ဖြစ်စဉ် အား ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။

ရဲအရာရှိများက အခင်းဖြစ်ပွားရာနေအိမ် ပတ်ဝန်းကျင်ရှိ နေအိမ် ၂လုံး တွင် တပ်ဆင်ထားသော CCTV မှတ်တမ်းများကို သိမ်းဆည်းခဲ့ပြီး ဖြစ်ရပ်မှန်အား သိရှိနိုင်ရန် စစ်ဆေးနေကြောင်း သိရသည်။ယခုဖြစ်စဉ် သည် လွန်ခဲ့သော ၁၉ရက်အတွင်း အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် တတိယမြောက် သတင်းထောက်တစ်ဦးအသတ်ခံရမှု ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.