Asia
အိန္ဒိယနိုင်ငံတွင် မိုးသက်မုန်တိုင်းကျခြင်းနှင့် မိုးကြိုးပစ်ခံရခြင်းကြောင့် လူ ၃၀ ကျော်သေဆုံး
နယူးဒေလီ၊ မေ ၂၉ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံတွင် မိုးသက်မုန်တိုင်းများနှင့် မိုးကြိုးထိမှန်ခံရခြင်းကြောင့် လူပေါင်း ၃၀ ကျော် သေဆုံးပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေး စီမံခန့်ခွဲမှု တာဝန်ရှိသူများက မေလ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ သေဆုံးသူများသည် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက မိုးသက်မုန်တိုင်းများနှင့် လေပြင်းများနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်နှင့် Jharkhand ပြည်နယ်၊ မြောက်ပိုင်း ဥတာ ပရာဒတ်ရှ်ပြည်နယ်များမှ ဖြစ်ကြောင်း သိရသည်။
“ဘီဟာပြည်နယ်မှာ ၁၂ ဦး၊ အိမ်နီးချင်း Jharkhand ပြည်နယ်မှာ ၁၂ ဦးနဲ့ ဥတာပရာဒတ်ရှ်ပြည်နယ်မှာ ၉ ဦး သေဆုံးခဲ့တယ်။ ဒါ့အပြင် Jharkhand ပြည်နယ်မှာ မိုးသက်မုန်တိုင်းများကြောင့် လူ ၂၈ ဦး ဒဏ်ရာများရရှိခဲ့တယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သေဆုံးရတဲ့အကြောင်းရင်းအများဆုံးက မုန်တိုင်းကြောင့် နေအိမ်တွေပြိုကျပြီး လျှပ်စစ်မီးတိုင်များနဲ့ သစ်ပင်များက လူတွေပေါ် ပြုတ်ကျတာကြောင့် ဖြစ်ပါတယ်” လို့ ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
လာမည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)