Asia
အိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့၌ အဆောက်အအုံပြိုကျမှုဖြစ်ပွားပြီးနောက် လူ ၅ဝ ကျော်ပိတ်မိနေ

မွမ်ဘိုင်း ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ယနေ့ဇူလိုင် ၁၆ ရက်တွင် လေးထပ် အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူပေါင်း ၅ဝ ကျော် အပျက်အစီးပုံအတွင်း ပိတ်မိနေကြောင်း BrihanMumbai မြူနီစီပယ်ကော်ပိုရေးရှင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
အချင်းဖြစ်နေရာ၌ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ နှင့်အတူ အမျိုးသားဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့တစ်ခုရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။(Xinhua)