Connect with us

Asia

အိန္ဒိယနိုင်ငံအနောက်ပိုင်းတွင် တောမီးလောင်ကျွမ်း၍ ၇ ဦးသေ

အိန္ဒိယနိုင်ငံတွင် တောမီးများလောင်းကျွမ်းနေသည်ကို မီးသတ်တပ်ဖွဲ့ဝင်များ ငြိမ်းသတ်နေစဉ် (ဆင်ဟွာ)

နယူးဒေလီ၊မေ ၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ တောင်ထူထပ်သည့် Uttarakhand ပြည်နယ်တွင် လွန်ခဲ့သော ၂ လ မှစတင်ကာ လောင်ကျွမ်းနေသော တောမီးကြောင့် လူ ၇ ဦးထက်မနည်းသေဆုံးသွားပြီဖြစ်ကြောင်း ပြည်နယ်အကြီးရဲအရာရှိတစ်ဦးက မေ ၁ ရက်တွင်ပြောကြားသည်။

“ ပြည်နယ်တွင်းမှာ လောင်ကျွမ်းနေတဲ့တောမီးကြောင့် လူ ၇ ယောက်လောက်သေသွားပြီ။ ၅ ယောက်လောက် ဒဏ်ရာရထားတယ် ။ အိန္ဒိယလေတပ်က အခု ရဟတ်ယာဉ်တွေသုံးပြီး မီးညွန့်တွေပေါ်ကို ရေဖြန်းချနေတယ် ” ဟု မီးငြိမ်းသတ်ရေးအစီအစဉ် နှင့်ပတ်သက်၍ အမည်မဖော်လိုသူ ရဲအရာရှိက ရှင်းပြသည်။
တောမီးကြောင့် သစ်တောမြေ ၃ဝဝဝ ဧက နီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း၊ အမျိုးသားသဘာဝဘေးအန ္တရာယ်စီမံခန့်ခွဲရေးမှ တပ်ဖွဲ့ဝင်အင်အား ၆ဝဝဝ နှင့် အိန္ဒိယ လေတပ်မှ MI-17 ရဟတ်ယာဉ် ၂ စီးဖြင့် မီးငြိမ်းသတ်ရေးကိုကြိုးစားလုပ်ဆောင်နေကြကြောင်း အဆိုပါ ရဲအရာရှိက ဆိုသည်။
“ တောမီးလောင်ကျွမ်းနေတာကို အိန္ဒိယဝန်ကြီးချုပ်ရုံးက စိုးရိမ်ပူပန်မှုတွေရှိတယ်လို့ထုတ်ဖော်ပြောဆိုလာပြီးတဲ့နောက်မှာ သဘာဝဘေးအန ္တရာယ်ကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်နိုင်သမျှနည်းလမ်းတွေ အားလုံးသုံးပြီး အကူအညီပေးသွားဖို့ ပြောဆိုထားပါတယ်” ဟု ဗဟိုအစိုးရ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
အမှန်စင်စစ် တောမီးလောင်ကျွမ်းမှုသည် ဖေဖော်ဝါရီလ အစောပိုင်းကတည်းဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး ၎င်းတောမီးကြောင့် ပြည်နယ်တွင်း ယခုအချိန်ထိ မတော်တဆမှုပေါင်း ၉၂၂ မှုထိ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုမှာ သဘာဝဖြစ်စဉ်များကြောင့် ဖြစ်သော်လည်း ယခုတစ်ကြိမ်လောင်ကျွမ်းမှုသည် အကြီးမားဆုံးဖြစ်သည်။ ပုံမှန်အားဖြင့် တောမီးလောင်ကျွမ်းမှုမှာ ဖေဖော်ဝါရီလ အလယ်တွင်ဖြစ်ပွားတက်သည်။ ယခုနှစ်တွင်မူ ဖေဖော်ဝါရီလ အစပိုင်းကတည်းက စော၍ စတင် ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ မီးငြိမ်းသတ်နိုင်မည့် လက္ခဏာများ မတွေ့ရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.