Connect with us

Asia

အိန္ဒိယနိုင်ငံ အလယ်ပိုင်း ရှိ ခရစ်ယာန် ဘုရားကျောင်းသို့ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးသည့် လူ၇ဦးအားဖမ်းဆီး

အိန္ဒိယနိုင်ငံ အလယ်ပိုင်း ရှိ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခံရသည့် ခရစ်ယာန် ဘုရားကျောင်းအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် မြို့တော် Raipur ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း သို့ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးသည့် လူ၇ဦးအား အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မတ်လ ၇ ရက်နေ့ တွင် ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိ တစ်ဦးကပြောကြားခဲ့သည်။

၎င်းက ဖမ်းဆီးမှုအား မတ်လ ၆ ရက်နေ့ ညပိုင်းတွင် လုပ်ဆောင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် လူ ၇ ဦးသည် တနင်္ဂနွေနေ့ ဘုရားကျောင်း၌ ဝတ်ပြုသူများရှိနေစဉ် ဘုရားကျောင်းထဲသို့ ဝင်ရောက်နှောင့်ယှက်ဖျက်ဆီးသူ ၂၅ဦးအထဲမှ ဖြစ်ပြီး Bajranj Dal ဟိန္ဒူ အစွန်းရောက်အဖွဲ့မှ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနှောင့်ယှက်သူများက စုဝေးကာ ဘုရားဝတ်ပြုသူများအား အော်ဟစ်နှောင့်ယှက်ခြင်း၊ အမျိုးသမီး ဝတ်ပြုသူများကို မဖွယ်မရာ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြကြောင်း ပြည်တွင်း ရုပ်သံထုတ်လွှင့်ရေးများ ကဖော်ပြခဲ့သည်။

ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့သည့် အဆိုပါဖြစ်ရပ် အကြောင်းအရာအား ပြည်ထဲရေးဝန်ကြီးဌာန မှ သိရှိပြီး နာရီပိုင်း အကြာတွင် ဖမ်းဆီးမှု များပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီး Kiren Rijiju က အစိုးရသည် အဆိုဖြစ်ရပ်နှင့်ပတ်သက်၍ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ပြီး တရားခံများကို သက်ညှာခွင့်ပေးမည်မဟုတ်ကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။

ယင်း ဖြစ်ရပ်အား စုံစမ်းရန် အမိန့်ပေးထားကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.