Connect with us

Asia

အိန္ဒိယ တောင်ပိုင်းတွင် ကုန်တင်ကား နှင့် ဗင်ကားတိုက်မိ၍ လူ ၉ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်းTamil Naduပြည်နယ် တွင် ယာဉ်မတော်တဆမှုကြောင့် အနည်းဆုံး လူ၉ဦးသေဆုံးပြီး အခြားလူ ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။

အကြီးတန်းရဲအရာရှိတစ်ဦးက ပြည်နယ်မြို့တော် ချန်နိုင်းမြို့ မှ ကီလိုမီတာ၃၀၀ကျော် အကွာ Trichy ခရိုင် အနီး Thuvarankurichiမြို့ တွင် ရပ်ထားသော ကုန်တင်ကားတစ်စီးအား ခရီးသည်များလိုက်ပါလာသည့် ဗင်ကားတစ်စီးက ဝင်တိုက်မိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ယာဉ်တိုက်မှုကြောင့် ကလေးငယ် ၃ဦး နှင့် အမျိုးသမီး ၂ဦး အပါအဝင် လူ၉ဦး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူများကို Trichy ခရိုင် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ၎င်းတို့အနက် တစ်ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗင်ကားသည် နိုင်ငံတောင်ပိုင်းစွန်းရှိ Kanyakumari မြို့မှ ဘုရားကျောင်းများရှိရာ Tirupati မြို့သို့ မောင်းနှင်နေစဉ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။တာဝန်ရှိသူက ယင်း ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း၊ မတော်တဆမှုဖြစ်ပွားပြီးနောက် ကုန်တင်ကားမောင်းသူသည် အခင်းဖြစ်ပွားရာမှ ထွက်ပြေးသွားကြောင်း၊ ၎င်းအား မော်တော်ယာဉ်ကို အချက်ပြမီးမပြဘဲ မဆင်မခြင် ရပ်နားမှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် လူ အသေအပျောက်အများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ယာဉ်မတော်တဆမှု အများစုသည် ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ကားလမ်းများ နှင့် ကားများ ပျက်စီးယိုယွင်းနေမှု တို့ကြောင့် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.