Connect with us

Asia

အိန္ဒိယ နိုင်ငံ တွင် ဘတ်စ်ကား တစ်စင်း ချောက်ထဲ ကျမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၄ ဦး သေဆုံး

အိန္ဒိယ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ဘက်စ်ကား ချောက်ထဲကျမှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် တွင် ဇူလိုင်လ ၁၉ ရက် ၌ ဘတ်စ်ကား တစ်စင်း ချောက်ထဲ ကျမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၄ ဦး သေဆုံး ခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ ဘတ်စ်ကား သည် Uttarakhand ပြည်နယ် အရှေ့ပိုင်း ၁၁၅ ကီလိုမီတာ ခန့် အကွာအဝေး တွင် ချောက်ထဲ ကျခဲ့ခြင်းဖြစ်ကြောင်း ၊ ဘက်စ်ကား သည် တောင်ကြား လမ်းတွင် မောင်းနှင်နေစဉ် အတွင်း မထိန်းချုပ်နိုင်တော့ဘဲ ချောက်ထဲ ကျခဲ့ခြင်း ဖြစ်ကြောင်း ၊ အခင်းဖြစ်ပွား ပြီးနောက် အမျိုးသား ဘေးအန္တရာယ် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ မှ အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိခဲ့ပြီး ရဲတပ်ဖွဲ့ နှင့် အတူတကွ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ၊ ဒဏ်ရာရရှိသူများကို ဆေးရုံ သို့ ပို့ဆောင် ပေးနိုင်ခဲ့ပြီး အခင်းဖြစ်ပွား ရခြင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီး ဖြစ်ကြောင်း သိရှိရသည်။

ယခု ဖြစ်ပွား ခဲ့သည့် မော်တော်ယာဉ် ချောက်ထဲ ကျမှု သည် Uttarakhand ပြည်နယ် ၌ ယခု လ အတွင်း ဒုတိယ အကြိမ် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ ၁ ရက် ၌ ဖြစ်ပွား ခဲ့သည့် ဘတ်စ်ကား ချောက်ထဲ ကျမှု တွင် လူပေါင်း ၄၈ ဦး သေဆုံး ခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ တွင် မော်တော်ယာဉ် မတော်တဆမှု မကြာခဏ ဖြစ်ပွား လေ့ရှိပြီး စာရင်းပြုစုချက် အချို့အရ အိန္ဒိယ နိုင်ငံ တွင် နှစ်စဉ် လူပေါင်း ၁၅၀,၀၀၀ ခန့် ယာဉ်မတော်တဆမှုကြောင့် သေဆုံး ခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.