Asia
အာမေးနီးယား နိုင်ငံ သမ္မတသစ် Armen Sarkissian ရာထူးတာဝန် စတင်ထမ်းဆောင်ရန် အတွက် ကျမ်းသစ္စာ ကျိမ်ဆို
ထီပီလီယာ ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
အာမေးနီးယား နိုင်ငံ သမ္မတသစ် Armen Sarkissian ၏ ကျမ်းသစ္စာ ကျိမ်ဆို ပွဲ ကို ဧပြီလ ၉ ရက်နေ့ တွင် မြို့တော် Yerevan တွင် ကျင်းပ ပြုလုပ် ခဲ့သည်။
အာမေးနီးယား နိုင်ငံ သမ္မတသစ် Armen Sarkissian က ကျမ်းသစ္စာ ကျိမ်ဆိုပွဲ တွင် မိန့်ခွန်းပြောကြားရာတွင် Nagorno-Karabakh စစ်ပွဲ အား ငြိမ်းချမ်းစွာ ဖြေရှင်းရေး သည် အာမေးနီးယား နိုင်ငံသား တို့ ရင်ဆိုင်နေရသည့် အခက်အခဲ တစ်ခု ဖြစ်ကြောင်း ၊ တရားမျှတ စွာဖြင့် ယင်းပြဿနာ ကို ဖြေရှင်းရန် အတွက် တည်ငြိမ်ပြီးစည်းလုံးညီညွှတ်သော ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက် ပြီး စည်ပင်ကြီးပွား သည် အာမေးနီးယား နိုင်ငံ တည်ထောင်ရန် လိုအပ်ကြောင်း ၊ မိမိ အနေဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကို ကြိုးပမ်းဆောင်ရွက်ပြီး လူမှုရေး မညီမျှမှုများကို ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အာမေးနီးယား နိုင်ငံ ပြည်သူ့လွှတ်တော် က မတ်လ ၂ ရက်နေ့ ၌ Armen Sarkissian အား နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက် ခဲ့ပြီး Armen Sarkissian အနေဖြင့် ၁၉၅၃ ခုနှစ် တွင် မွေးဖွား ကာ ၁၉၉၆ ခုနှစ် မှ ၁၉၉၇ ခုနှစ် အထိ အာမေးနီးယား နိုင်ငံ ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့ကြောင်း သိရှိရသည်။(Xinhua)