Asia
အင်ဒိုနီးရှား နိုင်ငံ Bandung ဒေသတွင် အရက်တု သောက်မိ၍ အဆိပ်သင့်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၂၃ ဦး သေဆုံး
ဂျာကာတာ ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျာကာတာ နှင့် အနီးတစ်ဝိုက် ရှိ ဒေသ များတွင် လူအများသေဆုံး စေခဲ့သည့် အရက်တု အဆိပ်သင့်မှု ဖြစ်ပွား ပြီးနောက်တွင် အင်ဒိုနီးရှား နိုင်ငံ Bandung ဒေသတွင် အရက် အဆိပ်သင့်မှု ထပ်မံ ဖြစ်ပွား ခဲ့ပြီး ဧပြီလ ၉ ရက်နေ့ အထိ လူပေါင်း ၂၃ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။
သတင်းဖော်ပြချက်များအရ မြို့တော် ဂျာကာတာ နှင့် ကီလိုမီတာ ၁၅၀ ကွာဝေး သည် West Java ပြည်နယ် Bandung ဒေသတွင် ဖြစ်ပွား ခဲ့သည့် အရက်တု အဆိပ်သင့်မှုကြောင့် လူပေါင်း ၂၃ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၄၀ ခန့် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း ၊ ရဲတပ်ဖွဲ့ အနေဖြင့် အရက်ရောင်းသည့် ဆိုင်ခန်း ၄ ခု ကို ပိတ်သိမ်းခဲ့ပြီး လီတာပေါင်း ရာနှင့်ချီသည့် အရက်တု များကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ယခုလ အစောပိုင်း တွင် အင်ဒိုနီးရှား နိုင်ငံ မြို့တော် နှင့် အနီးတစ်ဝိုက် တွင် ဖြစ်ပွား ခဲ့သော အရက်တု အဆိပ်သင့်မှုကြောင့် ဧပြီလ ၉ ရက်နေ့ အထိ လူပေါင်း ၃၁ ဦး သေဆုံး ခဲ့ပြီး ရဲတပ်ဖွဲ့ အနေဖြင့် အရက်တု ရောင်းချသူ ၄ ဦး ကို ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။
အင်ဒိုနီးရှား နိုင်ငံ တွင် အရက်တု အဆိပ်သင့်မှု သည် မကြာခဏ ဖြစ်ပွား လေ့ရှိပြီး ၂၀၁၀ ခုနှစ် ဧပြီ လတွင် ဖြစ်ပွား ခဲ့သော အရက်တု အဆိပ်သင့်မှု တွင် လူပေါင်း ၃၀၀ ကျော် အဆိပ်သင့်ခဲ့ကြပြီး လူပေါင်း ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။(Xinhua)