Asia
အိန္ဒိယနိုင်ငံ ၏ တာတာဂရု နှင့် စင်ကာပူနိုင်ငံ ၏ GIC တို့ လက်တွဲကာ ဝင်ငွေကျဆင်းနေသောဟိုတယ်များအားဝယ်ယူမည်
နယူးဒေလီ ၊မေ ၂၀ ရက် (ဆင်ဟွာ)
ဝင်ငွေ ကျဆင်းနေပြီး အကြွေးထူနေသော အိန္ဒိယနိုင်ငံရှိ ဇိမ်ခံဟိုတယ်များအား အိန္ဒိယနိုင်ငံ ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် တာတာ ဂရု (Tata ဂရု) နှင့် စင်ကာပူနိုင်ငံ ၏ ကမ္ဘာလုံးဆိုင်ရာ နှစ်ရှည်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းဖြစ်သည့် GIC တို့ က လွှဲပြောင်း ကိုင်တွယ်မည်ဟုကြေညာခဲ့သည်။
အဆိုပါဖက်စပ်လုပ်ကိုင်မှုတွင် တာတာ နှင့် GIC တို့က ၃၀း၇၀ အချိုး ဖြင့် လုပ်ကိုင်ကြမည်ဖြစ်ပြီး နောက်သုံးနှစ်အတွင်း ဟိုတယ်များကို ဝယ်ယူရန် အမေရိကန်ဒေါ်လာ သန်း ၆၀၀ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊အိန္ဒိယ The Times သတင်းတွင်ဖော်ပြခဲ့သည်။
နှစ်ဖက်အကျိုးတူဖက်စပ်ဝယ်ယူထားသော ဟိုတယ်များကို တာတာဂရုက ပိုင်ဆိုင်ထားသည့် အိန္ဒိယဟိုတယ်များကုမ္ပဏီ (IHC) က စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)