Asia
ဗီယက်နမ်နိုင်ငံ သမ္မတဟောင်း Le Duc Anh ကွယ်လွန်

ဟနွိုင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ သမ္မတဟောင်း Le Duc Anh (၁၉၂၀-၂၀၁၉) သည် ဧပြီ ၂၂ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း Vietnam News Agency က ဖော်ပြခဲ့သည်။
Le Duc Anh သည် ကျန်းမာရေးမကောင်းသဖြင့် နေအိမ်၌ပင် ကွယ်လွန်သွားခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဆိုင်ရာ အမျိုးသားကော်မရှင် မှ အကြီးတန်းအရာရှိများကပြောကြားခဲ့သည်။
နိုင်ငံ အလယ်ပိုင်း Thua Thien Hue ပြည်နယ် တွင် မွေးဖွားခဲ့သော Anh သည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ပြီးနောက် ၁၉၉၂ခုနှစ်မှ ၁၉၉၇ခုနှစ်အထိ ဗီယက်နမ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)