Asia
မြောက်ကိုးရီးယား နိုင်ငံက Musudan ပဲ့ထိန်းဒုံးကျည်ကို အရှေ့ဖက် ကမ်းခြေတွင် ပစ်လွှတ်

ဆိုးလ် ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
မြောက်ကိုးရီးယား အစိုးရသည် နိုင်ငံ၏ အရှေ့ဖက်ကမ်းခြေ၌ ၎င်းတို့၏ မုစုဒန် (Musudan ) တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုးရီးယားနိုင်ငံပိုင် Yonhap သတင်းဌာန က ဇွန်လ ၂၁ ရက်တွင် သတင်း ထုတ်ပြန်သည်။
တောင်ကိုးရီးယား အစိုးရ သတင်းအရင်းအမြစ် တစ်ခုကမူ လောလောလတ်လတ် ဒုံးကျည် ပစ်လွှတ်ထားသည့် လက္ခဏာကို ဖမ်းယူရရှိထားခြင်း မရှိသေးကြောင်း ဆိုသည်။ သို့သော် တောင်ကိုးရီးယားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက မိမိတို့စစ်တပ် အနေဖြင့် အခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားသည်။ (Xinhua)