Asia
ထိုင်းစစ်တပ်က ထိုင်းပင်လယ်ကွေ့အား အန္တရာယ်မြင့်မားသောဒေသအဖြစ် သတ်မှတ်
ဘန်ကောက်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ထိုင်းစစ်တပ်သည် ဒီဇင်ဘာ ၁၅ ရက်တွင် ထိုင်းပင်လယ်ကွေ့အား အန္တရာယ်မြင့်မားသောဒေသအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါလုပ်ရပ်သည် ကမ္ဘောဒီးယားဘက်သို့ စစ်သုံးပစ္စည်းများ ပို့ဆောင်သည့် လမ်းကြောင်းအား ဖြတ်တောက်ရန်ဖြစ်သည်ဟု ထိုင်းမီဒီယာများက သတင်းဖော်ပြကြသည်။လုံခြုံရေးဆိုင်ရာစဉ်းစားမှုအရ ထိုင်းပင်လယ်ကွေ့အား အန္တရာယ်မြင့်မားသောဒေသအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ယင်းသည် ထိုင်းပင်လယ်ကွေ့ကို လုံးဝပိတ်ဆို့ခြင်းမဟုတ်ဘဲ တတိယနိုင်ငံမှ သင်္ဘောများအပေါ် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ထိုင်းစစ်တပ် ရုံးချုပ်က ဒီဇင်ဘာ ၁၅ ရက်တွင် လူမှုမီဒီယာ၌ သတင်းထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယားက ထိုင်းနိုင်ငံ အရပ်ဘက်နေရာများကို တိုက်ခိုက်မှုအပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး အဆင့်မြင့်ကော်မရှင်နာထံသို့ စာပေးပို့ တင်ပြပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ဒီဇင်ဘာ ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၄ ရက်အထိ ယခုအကြိမ် ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကြောင့် ထိုင်းစစ်သည် ၁၆ ဦး သေဆုံးကာ စစ်သည်ပေါင်း ၃၂၀ ကျော် ဒဏ်ရာရပြီးဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းအထိ ထိုင်းနိုင်ငံတွင် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးကာ ပြည်သူပေါင်း ၂၆၀,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရကြောင်း ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
———————————-
(Chinese Version)
泰国军方宣布将泰国湾划为高风险区域
新华社曼谷12月15日电(记者夏康静 常天童)泰国军方15日宣布将泰国湾划为高风险区域。据泰媒报道,此举是为了切断向柬埔寨运输军用物资的通道。
泰国武装部队总部15日在社交媒体发布消息说,出于安全考虑将泰国湾划为高风险区域,并非完全封闭泰国湾,且不会影响第三国船只。
泰国外交部发言人尼康德15日在新闻发布会上说,泰国外交部已向联合国人权事务高级专员致信控诉柬方攻击泰国平民区。
据泰国国防部通报,截至14日,此轮泰柬冲突已造成16名泰国士兵死亡、超过320名士兵受伤。截至15日下午,泰国方面有13名平民死亡,超26万民众转移。(完)
图说:12月13日,泰国外长西哈萨·蓬集格在位于曼谷的泰国外交部举行新闻发布会时讲话。新华社记者 孙玮彤 摄
