Connect with us

Asia

မိုဒီက စက်တင်ဘာလတွင် ထရမ့်နှင့် တွေ့ဆုံဆွေးနွေးနိုင်ခြေရှိဟု အိန္ဒိယ ဆို

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ခရီးစဉ်ရောက်ရှိနေသော အမေရိကန်သမ္မတ ထရမ့် (အလယ်) နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံဆွေးနွေးမှုမတိုင်မီ လက်ဆွဲနှုတ်ဆက်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီသည် စက်တင်ဘာလကုန်တွင် အမေရိကန် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်၍ အမေရိကန် သမ္မတ ထရမ့်နှင့်တွေ့ဆုံပြီး ကုန်သွယ်ရေးနှင့် စည်းကြပ်ခွန် အရေးကိစ္စများအား ဆွေးနွေးနိုင်ခြေရှိကြောင်း အိန္ဒိယမီဒီယာများက ဩဂုတ် ၁၃ ရက်တွင် သတင်းဖော်ပြကြသည်။အိန္ဒိယအနေဖြင့် အဆိုပါခရီးစဉ်အား တက်ကြွစွာ တွန်းအားပေး ဖော်ဆောင်လျက်ရှိပြီး လက်ရှိတွင် ကုလသမဂ္ဂထံ လျှောက်ထားပြီးဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ယခုအကြိမ်ခရီးစဉ် အထမြောက်ပါက မိုဒီသည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြား၍ ထရမ့် စသည့် နိုင်ငံများစွာမှ အကြီးအကဲများနှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရန် အခွင့်အရေး ရရှိလာမည်ဖြစ်သည်။ မိုဒီနှင့် ထရမ့် တွေ့ဆုံဆွေးနွေးမှုသည် “ကုန်သွယ်ရေးနှင့် စည်းကြပ်ခွန်ပြဿနာများကို ပြေလျော့သွားစေမည်” ဟု သတင်းတွင် ဆိုထားသည်။
ယူကရိန်း သမ္မတ ဇယ်လန်းစကီးသည် ဩဂုတ် ၁၁ ရက်တွင် မိုဒီနှင့် ဖုန်းဖြင့်ဆက်သွယ်ရာ၌ နှစ်ဖက်အနေဖြင့် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရန် သဘောတူညီခဲ့သည်။ (Xinhua)
——————————
(Chinese Version)
印媒称莫迪或将9月同特朗普会晤
新华社新德里8月13日电 据印度媒体13日报道,印度总理莫迪可能于9月底出席在美国纽约举行的联合国大会并同美国总统特朗普会晤,商讨贸易及关税问题。
报道说,印方正在积极推动这一行程,目前已向联合国提出申请。如果此访成行,莫迪将有机会在联合国大会上发表讲话,并与特朗普等多国领导人举行双边会晤。报道说,莫迪同特朗普会晤将“缓和贸易和关税问题”。
乌克兰总统泽连斯基11日与莫迪通话时表示,双方同意准备在9月联合国大会期间举行会晤。(完)
图说:2020年2月25日,在印度新德里,到访的美国总统特朗普(中)与印度总理莫迪在举行会谈前握手。新华社发(帕塔·萨卡尔摄)