Connect with us

Asia

ထိုင်းနိုင်ငံဘုရင်က ရွေးကောက်ပွဲမတိုင်မီ လွှတ်တော်အားဖျက်သိမ်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အစိုးရမူဝါဒကြေညာချက်အား လွှတ်တော်ထံ တင်ပြနေသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံဘုရင် မဟာဝဇီရာလောင်ကွန်းက အောက်လွှတ်တော်အား ဖျက်သိမ်းမည့် တော်ဝင်အမိန့်ကြေညာချက်ကို အတည်ပြုခဲ့ကြောင်း ဒီဇင်ဘာ ၁၂ ရက် တော်ဝင်အမိန့်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာခဲ့သဖြင့် အထွေထွေရွေးကောက်ပွဲအား လာမည့်နှစ်အစောပိုင်းတွင် ကျင်းပနိုင်ရေးအတွက် လမ်းပွင့်သွားခဲ့ပြီဖြစ်သည်။ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က ၎င်း၏အစိုးရအနေဖြင့် “လူနည်းစုအစိုးရ” အဖြစ် တည်ရှိနေခြင်းက လွှတ်တော်ဖျက်သိမ်းရေးအတွက် အဓိကအ‌ကြောင်းရင်းဖြစ်သည်ဟု ၎င်းထပ်ဆင့်လက်မှတ်ရေးထိုးထားသည့် အမိန့်ကြေညာချက်၌ ဖော်ပြထားသည်။

“၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ စတင်တာဝန်ယူခဲ့တဲ့ လက်ရှိအစိုးရဟာ အောက်လွှတ်တော်မှာ အမတ်နေရာအများစု ရယူနိုင်ခြင်းမရှိတဲ့ ပါတီအများအပြားပါဝင်တဲ့ ညွန့်ပေါင်းအစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းထားတာဖြစ်တယ်” ဟု ထိုအမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အတူ ထိုင်းနိုင်ငံအနေဖြင့် အရေးတကြီးစိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည့်အတွက် ယင်းတို့အား ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ရန် တည်ငြိမ်သော အစိုးရတစ်ရပ်ကို လိုအပ်လျက်ရှိကာ လူနည်းစုအစိုးရအဖြစ် ဆက်လက်ရပ်တည်နေခြင်းက နိုင်ငံရေးမတည်ငြိမ်မှုများကို ဖြစ်ပေါ်စေနိုင်သဖြင့် နိုင်ငံ၏ စီးပွားရေးစနစ်နှင့် နိုင်ငံတကာ၏ယုံကြည်မှုတို့ကို ထိခိုက်စေနိုင်သည်ဟု ယင်းအမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။

“အဲဒီအတွက် သင့်တင့်လျောက်ပတ်တဲ့ ဖြေရှင်းနည်းကတော့ အောက်လွှတ်တော်ကိုဖျက်သိမ်းပြီး အထွေထွေရွေးကောက်ပွဲအသစ် ကျင်းပကာ နိုင်ငံရေးအရ အဆုံးအဖြတ်ပေးနိုင်တဲ့ အခွင့်အာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှင်းဖို့ပါပဲ” ဟုလည်း အမိန့်ကြေညာချက်၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တော်ဝင်အမိန့် အတည်ပြုထုတ်ပြန်ပြီး ရက်ပေါင်း ၄၅ ရက်မှ ရက် ၆၀ အတွင်း အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေ ကျင်းပပေးရမည်ဟု သိရသည်။ (Xinhua)
…………………………………………….
(English Version)
Thai king dissolves parliament ahead of election
BANGKOK, Dec. 12 (Xinhua) — Thailand’s King Maha Vajiralongkorn Phra Vajiraklaochaoyuhua has endorsed a royal decree to dissolve the lower house of parliament, an announcement published in the Royal Gazette said on Friday, paving the way for a general election early next year.
The decree, countersigned by Prime Minister Anutin Charnvirakul, cited his administration’s status as a “minority government” as the primary reason for the dissolution.
“The current administration, which took office in September 2025, consists of a coalition of multiple parties that failed to command a majority in the House of Representatives,” the decree said.
Meanwhile, several critical challenges facing the nation require a stable government to address effectively, and continuing as a minority administration risks political instability, which could harm the country’s economic system and international confidence, the decree noted.
“The appropriate solution is to dissolve the House of Representatives to hold a new general election… returning political decision-making power to the people,” the decree said.
Under the Thai constitution, the Election Commission must hold a general election within 45 to 60 days following an endorsement of the royal decree.
English Caption
Thailand’s Prime Minister Anutin Charnvirakul delivers his government policy statement to parliament in Bangkok, Thailand. Sept. 29, 2025. (Photo by Rachen Sageamsak/Xinhua)