Asia
ပါကစ္စတန်နိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ၁၀ ရက်အတွင်း လူ ၆၆ ဦးသေဆုံးပြီး၊ ၁၂၇ ဦး ဒဏ်ရာရ

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများကြောင့် ဇွန် ၂၆ ရက်မှစ၍ ပါကစ္စတန်နိုင်ငံတစ်ဝှမ်းတွင် အနည်းဆုံး လူ ၆၆ ဦး သေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) က ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။ရာသီဥတုဆိုးရွားမှုများသည် နိုင်ငံ၏ဒေသအချို့တွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ မုတ်သုံမိုးနှင့်ဆက်စပ်သော ဖြစ်စဉ်များကြောင့် ပြီးခဲ့သည့်နှစ်ရက်အတွင်း နောက်ထပ်သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦး ရှိကြောင်း အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) က ထပ်မံအတည်ပြုခဲ့သည်။
NDMA ၏ ထုတ်ပြန်ချက်အရ Khyber Pakhtunkhwa ပြည်နယ် အနောက်မြောက်ပိုင်းမှာ ထိခိုက်မှုအများဆုံးဖြစ်ပြီး ကလေး ၁၁ ဦးအပါအဝင် လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ၁၄ ဦးမှာ ပြီးခဲ့သည့်သီတင်းပတ်က Swat Valley ဒေသတွင် ရုတ်တရက်ရေကြီးမှုများကြောင့် ရေထဲမျောပါ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
ပန်ဂျပ်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အိမ်များပြိုကျကာ ရုတ်တရက်ရေကြီးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကလေး ၁၁ ဦးအပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့ရသည်။ ဆင်းပြည်နယ်တွင် သေဆုံးသူ ၁၅ ဦးရှိခဲ့ပြီး ဘလူချီစတန်တွင် ၅ ဦး သေဆုံးခဲ့သည်။ အာဇတ်ဂျမ်မူးနှင့် ကက်ရှ်မီးယားဒေသတွင်လည်း ဒဏ်ရာရရှိသူ ၃ ဦးရှိကြောင်း သိရသည်။
ပါကစ္စတန် မိုးလေဝသဌာနက လာမည့် ၄၈ နာရီအတွင်း နိုင်ငံ၏ဒေသများစွာတွင် မုတ်သုံမိုးထပ်မံရွာသွန်းပြီး မိုးကြိုးမုန်တိုင်းများပါ ကျရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ (Xinhua)
————————–
English Version
Monsoon rains kill 66, injure 127 in 10 days across Pakistan
ISLAMABAD, July 5 (Xinhua) — Torrential monsoon rains and flash floods have claimed at least 66 lives and injured 127 others across Pakistan since June 26, the National Disaster Management Authority (NDMA) said on Saturday.
The NDMA confirmed two additional deaths and 10 injuries from rain-related incidents over the past two days, as extreme weather continues to batter parts of the country.
According to the NDMA, the heaviest toll was reported from northwest Khyber Pakhtunkhwa province, where 24 people, including 11 children, lost their lives. Fourteen of them were swept away in a flash flood in the Swat Valley last week.
In Punjab, 22 people, including 11 children, were killed as heavy rains triggered house collapses and flash floods. Sindh reported 15 fatalities, while five people died in Balochistan. Three injuries were also reported in Azad Jammu and Kashmir.
Amid ongoing downpours, the Pakistan Meteorological Department has forecast more rain and thunderstorms over the next 48 hours in several regions.
Commuters are seen on a flooded road during heavy monsoon rain in Rawalpindi, Pakistan on July 29, 2024. (Str/Xinhua)